DVB Logo
Home
နိုင်ငံတကာ
စပိန်ကျွန်းများပေါ်ကို  ရွှေ့ပြောင်းအခြေချသူ ၁၀၀၀ ကျော်  ထပ်မံလာရောက်
DVB
·
October 23, 2023
စပိန်ကျွန်းများပေါ်ကို  ရွှေ့ပြောင်းအခြေချသူ ၁၀၀၀ ကျော်  ထပ်မံလာရောက်
Donate to DVB

အာဖရိကတိုက်ကနေ အန္တရာယ်များလှတဲ့ ခရီးလမ်းအတိုင်း ဖြတ်သန်းပြီး စပိန်နိုင်ငံရဲ့ ကာနာရီ ကျွန်းတွေကို အောက်တိုဘာ ၂၁ ရက် တရက်တည်းမှာတင် ရွှေ့ပြောင်းအခြေချသူပေါင်း ၁၀၀၀ ကျော် ရောက်လာခဲ့ကြတယ်လို့ သိရပါတယ်။ 

ရွှေ့ပြောင်းအခြေချသူပေါင်း ၃၂၀ ကျော် လိုက်ပါစီးနင်းလာတဲ့ သစ်သားလှေ တစင်းက အယ်လ် ဟီရယ်ရိုကျွန်းကို ဆိုက်ကပ်ခဲ့တယ်ဆိုပြီး ဆေးကုသမှုတွေမှာ အကူအညီပေးနေတဲ့ ကြက်ခြေနီအဖွဲ့ အနေနဲ့ ပြောကြားပါတယ်။ 

ဒါဟာ လှေ တစင်းတည်းနဲ့ ရောက်ရှိမှုအများဆုံးသော စံချိန်တင်အရေအတွက် ဖြစ်ပြီး အောက်တိုဘာ ၃ ရက်တုန်းကလည်း အယ်လ်ဟီလယ်ကျွန်းကို လူပေါင်း ၂၇၁ ဦးအထိ တင်ဆောင်လာတဲ့ လှေ တစင်းဆိုက်ကပ်မှု မှတ်တမ်းရှိပါတယ်။

အတ္တလန္တိတ်ကျွန်းစုမှာပါဝင်တဲ့ ကျွန်းငယ် ၇ ကျွန်းဟာ စပိန်နိုင်ငံအထိ ရောက်ရှိနိုင်ဖို့ ကြိုးပမ်းနေတဲ့ ရွှေ့ပြောင်းအခြေချသူတွေအတွက် အဓိကဦးတည်ရာ ဖြစ်လာခဲ့ပါတယ်။

ဒီနှစ်ထဲမှာပဲ ဆီနီဂေါအပါအဝင် တခြားအာဖရိကနိုင်ငံတွေက ပင်လယ်ပြင်ကိုဖြတ်ကျော်ဖို့ ကြိုးပမ်းမှုတွေ မြင့်တက်လာခဲ့တယ်လို့လည်း ဆိုပါတယ်။ 

ဒီနှစ်ရဲ့  ဇန်နဝါရီ ၁ ရက်မှ အောက်တိုဘာ ၁၅ ရက်အထိ ဒီကျွန်းတွေမှာ ရွှေ့ပြောင်းအခြေချသူ ပေါင်း ၂၃,၅၃၇ ဦးအထိ ရောက်ရှိလာခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ဒါဟာ အရင်နှစ်ရဲ့ ကာလတူထက် ၈၀ ရာခိုင်နှုန်းကျော် ပိုမိုများပြားလာတာဖြစ်တယ်လို့  တရားဝင် အချက်အလက်တွေအရ သိရပါတယ်။ 

ဒါ့အပြင် ဒီနှစ်ထဲမှာပဲ ပင်လယ်ပြင်ကို ဖြတ်ကျော်ဖို့ ကြိုးပမ်းခဲ့သူပေါင်း ၁၀၀၀ ထက်မနည်း သေဆုံးခဲ့ရတယ်ဆိုပြီး Walking Borders အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013