DVB Logo
Home
အားကစား
ဒီယောင်အတွက် မန်ယူကမ်းလှမ်းချက်ပယ်ချရသည့် အကြောင်းအရင်း ဘာစီလိုနာဥက္ကဋ္ဌ ပြော
DVB
·
October 23, 2023
ဒီယောင်အတွက် မန်ယူကမ်းလှမ်းချက်ပယ်ချရသည့် အကြောင်းအရင်း ဘာစီလိုနာဥက္ကဋ္ဌ ပြော
Donate to DVB

ကွင်းလယ်ကစားသမား ဖရန့်ကီဒီယောင်အတွက် မန်ယူအသင်းရဲ့ကမ်းလှမ်းချက် ပယ်ချခဲ့တဲ့အ ကြောင်းအရင်းကို ဘာစီလိုနာအသင်းဥက္ကဋ္ဌ ဟွမ်လာပေါ်တာက ရှင်းလင်းသွားပါတယ်။

မန်ယူအသင်းဟာ ပြီးခဲ့တဲ့ရာသီက ကွင်းလယ်လူ ဖရန့်ကီဒီယောင်ကို ယူရို သန်း ၁၀၀ နဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ဘာစီလိုနာအသင်းက ပယ်ချခဲ့တာပါ။

အလားတူ ကစားသမားဖြစ်သူ ဒီယောင်ကိုယ်တိုင်ကလည်း မန်ယူအသင်းဆီပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကြောင့် ဘာစီလိုနာမှာပဲ ဆက်ကစားခဲ့တာပါ။

အသင်း ဥက္ကဋ္ဌ လာပေါ်တာကတော့ ဒီယောင်ကို မရောင်းချခဲ့တာဟာ အသင်းရဲ့စွမ်းဆောင်ရည်နဲ့ ပြိုင်ပွဲဆိုင်မှုလျော့ကျသွားမှာ စိုးရိမ်တာကြောင့်ဖြစ်တယ်လို့ ပြောပါတယ်။

လာပေါ်တာက “ဖရန့်ကီဒီယောင်ကို ယူရိုသန်း ၁၀၀ နဲ့ ရောင်းချဖို့ အခွင့်အရေးရခဲ့ပေမဲ့ မရောင်းခဲ့ပါဘူး။ ပြိုင်ဆိုင်မှုရှိစေဖို့အတွက် ကျနော်တို့ရဲ့စွမ်းဆောင်ရည်ကို မဆုံးရှုံးချင်ခဲ့လို့ ဖြစ်ပါတယ်”လို့ ပြောပါတယ်။

ဟော်လန်ကွင်းလယ်လူ ဒီယောင်ဟာ ဘာစီလိုနာနဲ့  ၅ နှစ် မြောက် ဘောလုံးရာသီကို ဖြတ်သန်းနေပြီး လတ်တလောမှာတော့ ဒဏ်ရာကြောင့်အနားယူနေရ ပါတယ်။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013