DVB Logo
Home
နိုင်ငံတကာ
မင်းသမီး မယ်ရယ်စထရိ(ပ်)နှင့် ဂျပန်စာရေးဆရာ မူရာကာမီတို့   Princess of Asturias  ဆုရရှိ
DVB
·
October 22, 2023
မင်းသမီး မယ်ရယ်စထရိ(ပ်)နှင့် ဂျပန်စာရေးဆရာ မူရာကာမီတို့   Princess of Asturias  ဆုရရှိ
Donate to DVB

စပိန်နိုင်ငံကနေ နယ်ပယ်အသီးသီးမှာထူးချွန်သူတွေကို ပေးအပ်တဲ့   Princess of Asturias   ဆုကို အော်စကာ ၃ ဆုရှင် မယ်ရယ်စထရိ(ပ်)နဲ့ ဂျပန်ဝတ္ထုရေးဆရာ ဟာယူကီ မူရာကာမီတို့က   ရရှိသွားတယ်လို့ သိရပါ တယ်။

အောက်တိုဘာ ၂၀ ရက်က ကျင်းပခဲ့တဲ့ ဒီဆုပေးပွဲအတွင်း အမေရိကန်မင်းသမီးအနေနဲ့ ဆုလက်ခံရယူဖို့အတွက် စင်ပေါ်ကိုလျှောက်လာချိန်မှာ ပရိသတ်တွေက လက်ခုပ်တီးဂုဏ်ပြုခဲ့ကြပါတယ်။

ဒီနှစ်အတွက် ဆုချီးမြှင့်ပေးခဲ့ရာမှာ နာမည်ကြီး စာရေးဆရာ ဟာယူကီ မူရာကာမီ က စာပေကဏ္ဍဆုကို ရရှိသွားခဲ့ပြီး မော်လီကျူးဇီဝပညာရှင် ဘွန်နီ ဘတ်စ်လာနဲ့ ဂျာနယ်လစ်ဖြစ်သူ ပီတာ ဂရင်းဘတ်ဂ်တို့က သိပ္ပံကဏ္ဍဆုကို အသီးသီးရရှိသွားပါတယ်။

ဒီအခမ်းအနားမှာ စပိန်ထီးနန်းဆက်ခံရမယ့် အက်စ်တူရီးယက်စ်မင်းသမီး လီယွန်နောအပါအဝင် ဖခင်ဖြစ်သူ ဘုရင်ကြီး ဖယ်လိပေးနဲ့ မိခင်ဖြစ်သူဘုရင်မကြီး လက်တီဇရားတို့ကိုယ်တိုင် တက်ရောက်လာခဲ့ ကြပါတယ်။ 

အက်စ်တူရီးယက်စ် မင်းသမီးဖောင်းဒေးရှင်းက နှစ်စဉ်ကျင်းပတဲ့ ဒီဆုပေးပွဲကို အိုဗီယေဒိုမြို့မှာ ကျင်းပလေ့ရှိတာဖြစ်ပါတယ်။

ဒါဟာ သိပ္ပံ၊ နည်းပညာ၊ ယဉ်ကျေးမှု၊ လူမှုရေး နဲ့ လူသားချင်းစာနာမှု လုပ်ငန်းတွေမှာ ထူးခြားပြောင်မြောက်တဲ့ အောင်မြင်မှုတွေ အတွက် ဂုဏ်ပြုချီးမြှင့်တဲ့ ဆုအမျိုးအစား တခုလည်း ဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013