DVB Logo
Home
မြန်မာသတင်း
မိုးညှင်းမြို့၌  စစ်ကောင်စီက ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်များ လိုက်လံကောက်ယူ
DVB
·
October 22, 2023
မိုးညှင်းမြို့၌  စစ်ကောင်စီက ဇီဝဆိုင်ရာကိုယ်ရေးအချက်အလက်များ လိုက်လံကောက်ယူ
Donate to DVB

ကချင်ပြည်နယ်၊ မိုးညှင်းမြို့မှာ စစ်ကောင်စီ လက်အောက်ခံ လူဝင်မှုကြီးကြပ်ရေး လ.ဝ.က ဝန်ထမ်းတွေနဲ့ စစ်ကောင်စီခန့် အုပ်ချုပ်ရေးအဖွဲ့ဝင်တွေ အောက်တိုဘာ ၂၀ ရက်က ရပ်ကွက်တွေထဲမှာ လူတစ်ယောက်ချင်းရဲ့  ဇီဝဆိုင်ရာ ကိုယ်ရေးအချက်အလက်-Biometric Data ကို ရပ်ကွက်တွေထဲလိုက်လံ ကောက်ယူနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မြို့ခံ အမျိုးသားတဦးက “ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကိုခေါ်ပြီး မှတ်ပုံတင်မိတ္တူနဲ့ စာရင်းပေးရတာ။ မျက်လုံးကိုစကင်န်နာဖတ်တယ်၊ လက် နှစ်ဖက်လုံးကို လက်ဗွေယူတယ်၊ ရပ်ကွက်တချို့ကောက်ပြီးပြီ၊ အခု အောင်သပြေရပ်ကွက်ကိုကောက်နေတာ” လို့ ပြောပါတယ်။

မှတ်ပုံတင်ထဲမှာပါတဲ့ ကိုယ်‌‌ရေးအချက်အလက်၊ သွေးအမျိုးအစား၊ ဖုန်းနံပါတ်၊ လက်ရှိနေထိုင်တဲ့ နေရပ်လိပ်စာပေးရပြီး၊ QR Code ၊ Unique ID ဂဏန်း ၁၀ လုံးပါတဲ့ စာရွက် စစ်ကောင်စီက ထုတ်ပေးတယ်လို့ ကိုယ်ရေးအချက်အလက်-Biometric Data လုပ်ခဲ့သူတစ်ဦးက ပြောပါတယ်။

အန်အယ်လ်ဒီ အစိုးရလက်ထက်က နိုင်ငံသားစိစစ်ရေးကတ်မှတ်ပုံတင်ကို စမတ်ကတ် E-ID Biographic Registration System ပြောင်းလဲဖို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာလက တိုင်းနဲ့ ပြည်နယ်တချို့မှာ အချက်အလက် ရေးသွင်းခြင်းလုပ်ငန်း ရှေ့ပြေးစီမံကိန်းကို စတင်ဆောက်ရွက်ခဲ့ဖူးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013