DVB Logo
Home
မြန်မာသတင်း
မိုးကုတ်မြို့နယ်၌ တိုက်ပွဲပြင်းထန်၊ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ်များပျက်စီး 
DVB
·
October 22, 2023
မိုးကုတ်မြို့နယ်၌ တိုက်ပွဲပြင်းထန်၊ လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် လူနေအိမ်များပျက်စီး 
Donate to DVB

မန္တလေးတိုင်း၊ မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) တပ်တွေအကြား တိုက်ပွဲ ပြင်းထန်နေပြီး စစ်တပ်က လေကြောင်းကနေ တိုက်ခိုက်လို့ ပြည်သူလူထုရဲ့ နေအိမ် ၁၀ လုံးလောက် ပျက်စီးသွားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။ 

မိုးကုတ်မြို့နယ် အထက်ညောင်ကုန်းအနီးမှာ အောက်တိုဘာ ၁၂ ရက်က စတင်ပြီး ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်ဖွဲ့တွေတိုက်ပွဲ ပြင်းထန်နေတာဖြစ်ပြီး  အောက်တိုဘာ ၂၁ ရက် နေ့လယ်မှာ စစ်လေယာဉ်နဲ့  ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အထက်ညောင်ကုန်းကျေးရွာကနေအိမ် ၁၀ လုံးထက် မနည်း ထိမှန်ပျက်စီးခဲ့တာပါတယ်။

မိုးကုတ်မြို့နယ်မှာ မနေ့မွန်းလွဲ  ၁ နာရီဝန်းကျင်ကနေ ၂ နာရီဝန်းကျင်အထိ စစ်ကောင်စီတပ် တပ်မ(၄၄) ခလရ - ၁၀၂/၁၀၄၊ လပခ/ခလရ -၈၈နဲ့ TNLA ပူးပေါင်းတပ်တို့ အထက်ညောင် ကုန်းရွာအနီးမှာတိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။

ညနေ ၅ နာရီမှာတော့ အောက်ညောင်ကုန်းက စစ်တပ်ကစ စ်ကြောင်းထပ်ထိုးလာတာကြောင့် အထက်ညောင်ကုန်းအနီး တိုက်ပွဲထပ်မံဖြစ်ပွားခဲ့တယ်လို့ TNLA ဘက်က ထုတ်ပြန်ပါတယ်။

မိုးကုတ်မြို့အရှေ့ပိုင်း ဒေသခံတစ်ဦးက "မနက်အစောကတည်းက ဗျူဟာကုန်းကနေ လက်နက်ကြီးပစ်တယ်။ ပထမတော့ မကြာမကြာ ကြားရတာ။ ညနေပိုင်းလောက်မှ ဆက်တိုက်ပစ်တာ၊။ အချက်ရေစိတ်သွားတယ်။ မြို့ထဲမှာတော့ ထူးခြားတာမရှိဘူး” လို့ ပြောပါတယ်။

အထက်ညောင်ကုန်းကျေးရွာအနီး တိုက်ပွဲမှာ စစ်ကောင်စီတပ်ဘက်က အရာရှိတယောက် အပါအဝင် အထိခိုက် ကျဆုံးများခဲ့တယ်လို့သိရပြီး လက်ရှိအချိန်အထိ TNlA တပ်နဲ့ စစ်ကောင်စီတပ်တို့ စစ်ရေးအခြေအနေ တင်းမာနေဆဲ ဖြစ်ပါတယ်။

မိုးကုတ်ဗျူဟာ  တပ်ရင်း ၁၂၂၃ ရဲ့ တပ်ရင်းမှူး ကိုလရောင်က  "အခုလို ပြည်သူတွေနေရာကို လေယာဥ်နဲ့ လာပစ်တာကတော့ တော်တော်ဆိုးတဲ့အဖြစ်ပါပဲ။ လက်နက်ကြီးကတော့ နေ့တိုင်းပစ်နေတာပဲ။ စကစဘက်က ၂၀ ရက်နေ့ကဆို အထက်ညောင်ကုန်းကရွာထဲက အိမ်ကို ကျတယ်၊ အခုလတ်တလောကိုတိုက်ပွဲ ဖြစ်နေပါပြီ" လို့ ပြောပါတယ်။ 

စစ်ကောင်စီတပ်က လေယာဥ်နဲ့ ပေါင် ၃၀၀ ဗုံးရယ် ပဒေသာဗုံးတွေရယ် အသုံးပြုပြီး အထက်ညောင်ကုန်းကျေးရွာထဲကို ကြဲချခဲ့တာကြောင့် ကျေးရွာထဲကနေ အိမ် ၁၀ လုံး အပြင် ဘုန်းကြီးကျောင်းဆောင်တခုလည်း ထိမှန်ပျက်စီးခဲ့ ပါတယ်။ 

မိုးကုတ်မြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ TNLA ပူးပေါင်းတပ်တို့ စက်တင်ဘာ ၁၀ ရက်ကစပြီး တိုက်ပွဲဖြစ်နေတာကြောင့် ဖြူရောင်၊ ညောင်ကုန်း၊ ကုန်းစံ၊ အထက်ညောင်ကုန်း၊ အောက်ညောင်ကုန်းနဲ့ လွယ်ငင်းကျေးရွာကဒေသခံတွေ မိုးကုတ်မြို့ပေါ်ကို တိမ်းရှောင်နေ ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013