
စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ဖုတ်ကုန်းအုပ်စု ထောက်ရှာအိုင်ရွာတ၀ိုက်က တပ်သိမ်း ယာမြေတွေ ပြန်ရရှိရေးအတွက် တိုင်းမှူး ဗိုလ်ချုပ်မင်းနောင်နဲ့ ဆွေးနွေးခဲ့ပြီး သဘောတူညီချက်တွေ ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
တပ်က ကြံစိုက်ပျိုးရေးအတွက် ၁၉၉၉ ခုနှစ်က သိမ်းယူခဲ့ တာဖြစ်ပြီး ပြန်ရဖို့ အတွက် ထွန်တုံး တိုက်ပွဲပြုလုပ်ခဲ့တဲ့ လယ်သမားတွေကို တရားစွဲဆို ထောင် ဒဏ် ချမှတ်တာတွေလည်း ရှိခဲ့ပါတယ်။
ဖုတ်ကုန်း အုပ်စု ထောက်ရှာအိုင်ရွာတ၀ိုက်မှာ သိမ်းဆည်းမြေ ဧက ၃ ထောင်ကျော်ထဲက ၃၈၄.၄၈ ဧကကို ပြန်လည်ပေးအပ်ခဲ့ပြီးဖြစ်ပေမယ့် အကုန်ပြန်ရမှာတော့ မဟုတ်သေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။
လွှဲပြောင်းပေးလာတဲ့ ယာမြေတွေထဲမှာ မိမိ ဘိုးဘွားပိုင်ကိုသာ လက်ခံပြီး တခြားတောင်သူ ဓားမဦးချ ယာမြေကို လက်မခံဘူးကြောင်း အချင်းချင်း ညှိနှိုင်း သဘောတူထား တယ်လို့ ဒေသခံတွေ က ပြောပါတယ်။
ကန့်ဘလူမြို့နယ် ဒေသခံတောင်သူလယ်သမားများပိုင် မြေဧက ၁၃ဝဝဝ လောက်ကို ၁၉၉၁ ခုနှစ်တုန်းက စစ်တပ်က သိမ်းယူခဲ့ပြီး လက်ရှိမှာ တပ်မ ၃၃၊ ခမရတပ် ၁၆ နဲ့ ၁၃ က သီးစားတွေကို ထပ်ငှားထားတာ ဖြစ်ပါတယ်။
တပ်သိမ်းမြေတွေ ပြန်ရရေး ထွန်တုံးတိုက်ပွဲဆင်နွှဲခဲ့ကြတဲ့ ကန့်ဘလူတောင်သူ ၄၀၀ လောက်ကို တရားစွဲဆိုထားပြီး ၅၇ ဦးကို ထောင်ဒဏ်အသီးသီး ချမှတ်ထားပြီး ဖြစ်ပါတယ်။










