
ရုရှားလေတပ်ရဲ့ ဦးစီးချုပ်သစ်အဖြစ် ဗိုလ်မှူးကြီး ဗစ်ခ်တာအက်ဖ်ဇယ်လော့ဗ်ကို ခန့်အပ်လိုက်ပြီ ဖြစ်တယ်လို့ အောက်တိုဘာလ ၂၀ရက်ရက်က နိုင်ငံပိုင် RIA နဲ့ TASS သတင်းအေဂျင်စီတွေမှာ ဖော်ပြပါတယ်။
သြဂုတ်လမှာ ဗိုလ်ချုပ်ကြီး ဆာဂျီ ဆူရော့ဗ်ဗိုက်ကင်ကို ရာထူးမှဖယ်ရှားခဲ့ပြီးနောက် အက်ဖ်ဇယ်လော့ဗ်က လေတပ်အကြီးအကဲအဖြစ် ယာယီတာဝန်ယူထားတာပါ။
ဆီရီးယား ပြည်တွင်းစစ်အတွင်း ရုရှားနိုင်ငံက ကြားဝင်စွက်ဖက်ရာမှာ အပြင်းအထန် ဗုံးကြဲတိုက်ခိုက်တဲ့ စစ်နည်းဗျူဟာတွေကြောင့် ဆူရော့ဗ်ဗိုက်ကင်ကို ဗိုလ်ချုပ်ကြီး အာမက်ဂက်ဒန်လို့ အမည်ပေးထားကြပါတယ်။
ယူကရိန်းအပေါ် ရုရှားရဲ့ ကျူးကျော်မှုမှာလည်း ဆူရော့ဗ်ဗိုက်ကင်က အချိန်ခဏတာ ဦးဆောင်ခဲ့ပြီးနောက် ဇန်နဝါရီလအရောက်မှာ ရာထူးလျှော့ချခံခဲ့ရပါတယ်။
အဲ့ဒီနောက် ဆူရော့ဗ်ဗိုက်ကင်က အယ်လ်ဂျီးရီးယား နိုင်ငံဆိုင်ရာ ရုရှားကာကွယ်ရေး ဝန်ကြီးဌာနရဲ့ ကိုယ်စားလှယ်အဖွဲ့မှာ ပါဝင်လာခဲ့တာကြောင့် စက်တင်ဘာလအတွင်း တရားဝင်တာဝန်တွေကို ပြန်လည်ထမ်းဆောင်ခွင့် ရလာခဲ့တယ်လို့ ဆိုရမှာပါ။
အရင်တုန်းက အက်ဖ်ဇယ်လော့ဗ်ဟာ ဆူရော့ဗ်ဗိုက်ကင်ရဲ့ လက်ထောက်အဖြစ် တာဝန်ယူခဲ့ဖူးသလို အာကာသတပ်ဖွဲ့ရဲ့ အရာရှိချုပ် နေရာမှာလည်း ၄ နှစ်ထက်မနည်း ရှိခဲ့ဖူးပါတယ်။
ယူကရိန်းဘက်ကတော့ ရုရှားရဲ့ ရက်စက်ကြမ်းကြုတ်တဲ့ တိုက်ခိုက်မှုတွေမှာ အစီအစဉ်ချမှတ်မှုနဲ့ အားထုတ်မှုတွေကို အက်ဖ်ဇယ်လော့ဗ်က တိုက်ရိုက်ကိုင်တွယ်နေတာ ဖြစ်ကြောင်း မှတ်ချက်ပေးပါတယ်။
Source/Photo-Reuters











