DVB Logo
Home
မြန်မာသတင်း
သထုံ ကျေးရွာပေါင်း ၁၅ ရွာ အရေးပေါ်သောက်ရေလိုအပ်နေ
DVB
·
August 11, 2014
သထုံ ကျေးရွာပေါင်း ၁၅ ရွာ အရေးပေါ်သောက်ရေလိုအပ်နေ
Donate to DVB

မွန်ပြည်နယ် သထုံမြို့နယ်ထဲမှာ ပြီးခဲ့တဲ့အပတ်က ရေကြီးရေလျှံမှုတွေ ဖြစ်ပွားပြီးတဲ့နောက် ရေတွင်းရေကန် ၁၀၀၀ ကျော်  ညစ်ညမ်းသွားပြီး ထောင်နဲ့ချီတဲ့ဒေသခံတွေ သောက်ရေအရေးပေါ် လိုအပ်နေပါတယ်။

TH-flood-6-622x466သထုံမြို့ မြောက်ဘက် ၁၂ မိုင်အကွာ ကျိုက်ကော်၊ သိမ်ဆိပ်၊ မရမ်း ကုန်း၊ ဒေးဝန်း၊ အောက် ကွင်း၊ ဆိပ်ကျွန်း အစရှိတဲ့ ကျေးရွာပေါင်း ၁၅ ရွာက ထောင်နဲ့ချီ တဲ့ဒေ သခံတွေ သောက်ရေ အရေးပေါ်လို အပ်နေတာ ဖြစ်ပါတယ်။

အဲဒီဒေသတကြောမှာ ပြီးခဲ့တဲ့ သြဂုတ် ၅ ရက်နေ့က ရေလွှမ်းမိုးမှုဒဏ်ခံခဲ့ရပြီးတဲ့နောက် ရေပြန်ကျသွား ခဲ့ပေမယ့်လည်း သောက်ရေသုံးရေထဲ အမှိုက်သရိုက် အညစ်အကြေးတွေ ၀င်ရောက်ပြီး ပျက်စီးသွားလို့ ရေသန့်ဆေးတွေ အရေးပေါ်လိုအပ်နေတယ်လို့  သထုံရပ်မိရပ်ဖတစ်ဦးဖြစ်သူ ဦးဥာဏ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

သုံးလို့မရအောင် ညစ်ညမ်းနေတဲ့ ရေတွင်းရေကန်ပေါင်း ၁၀၀၀ ကျော်ရှိပြီး လောလောဆယ် သောက်ရေသန့်ဘူးတွေ ၀ယ်သုံးနေရကြောင်း၊ ရေရှည်မှာတော့ ၀ယ်ယူသုံးစွဲဖို့ မဖြစ်နိုင်လို့ ရေသန့်ဆေးတွေ အများဆုံးရရှိဖို့ လိုအပ်နေတာလို့ သူကဆက်ပြောပါတယ်။

ဒါ့အပြင် ရေက ရုတ်တရက်တက်လာတဲ့အခါမှာ ပစ္စည်းတွေ ယူဆောင်ဖို့ အချိန်မရလို့  အ၀တ်အစား အသုံးအဆောင်တွေ လိုအပ်နေသလို အထူးသဖြင့် ကျောင်းသူကျောင်းသားတွေရဲ့ ဖတ်စာအုပ်တွေပါ ရေထဲပါကုန်တဲ့အတွက် ဖတ်စာအုပ်ရော၊ ဗလာစာအုပ်တွေပါ အခက်အခဲဖြစ်နေတယ်လို့  ဦးဥာဏ်ထွန်းက ပြောပါတယ်။

ရပ်နီးရပ်ဝေးအလှူရှင်တွေအနေနဲ့ လှူဒါန်းလိုတယ်ဆိုရင် သထုံမြို့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံး ဖုံးနံပါတ် ၀၉ ၇၃၂ ၁၁၅၈၁ ၊  ၀၉ ၄၂၅၃ ၄၉၀၁၂ ဒါမှမဟုတ်  အဆိုပါ ကျေးရွာတွေထိ သွားရောက်ဆက်သွယ်လှူဒါန်းနိုင်တယ်လို့ ဦးဥာဏ်ထွန်းက ဒီဗွီဘီကို ပြောပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013