DVB Logo
Home
မြန်မာသတင်း
တရုတ်ဆန်တင်သွင်းမှု ပိတ်ပင်မှု လယ်သမားများကို ထိခိုက်လာနိုင်
DVB
·
August 11, 2014
တရုတ်ဆန်တင်သွင်းမှု ပိတ်ပင်မှု လယ်သမားများကို ထိခိုက်လာနိုင်
Donate to DVB

တရုတ်နိုင်ငံက နယ်စပ်ကနေတဆင့် မြန်မာ့ဆန်တင်ပို့မှု ပိတ်ပင်ထားတာဟာ ဆန်စပါးထွက်ရှိတဲ့ အချိန်အထိ ကြာမြင့်နေမယ်ဆိုရင် မြန်မာနိုင်ငံက လယ်သမားတွေ စပါးဈေးကောင်းမရတဲ့ အခြေအနေတွေအထိ ထိခိုက်နိုင်တာကြောင့် အုပ်ချုပ်ရေးပိုင်းက တရုတ်တာဝန်ရှိသူတွေနဲ့ လာမယ့်ရက်ပိုင်းအတွင်း ဆွေးနွေးကြတော့မှာပါ။

A boy sits near paddy field while his parents  plant rice seedlings in a paddy field on the outskirts of Yangonဇူလိုင် ၂၈ ရက်နေ့ကနေ စတင်ပြီး တရုတ် အစိုးရက မြန်မာ၊ ဗီယက်နမ် နယ်စပ်က တရားမ၀င် ဆန်တင်သွင်းမှုကို ဖမ်းဆီးအရေးယူမှုတွေ စတင်ခဲ့တာပါ။

ဆန်ဈေးကွက် မသေချာတဲ့အတွက် စပါးဝယ်ယူမှုမှာ ဈေးကောင်းမပေးတဲ့ အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ မြန်မာနိုင်ငံဆန်စပါး အသင်းက ပြောပါတယ်။

ဒါကြောင့် နယ်စပ်က ဆန်တင်သွင်းမှု ပိတ်ပင်ထားတဲ့ ကိစ္စအပါအ၀င် ဆန်စပါး ကုန်သွယ်မှု မူဝါဒ ပေါ်ထွက်လာစေဖို့၊ နယ်စပ်ကုန်သွယ်ရေး ကိစ္စတွေအပေါ် အဖြေရှာဆွေးနွေးဖို့ တရုတ်သံရုံးမှ စီးပွားရေး သံမှူး၊ စီးပွားကူးသန်း ၀န်ကြီးဌာနနဲ့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်တို့ သြဂုတ် ၁၂ ရက်နေ့မှာ ဆွေးနွေးမှာဖြစ်ပါတယ်။

ဆွေးနွေးပွဲမှာ စီးပွားကူးသန်းဝန်ကြီးက ဦးဆောင်ဆွေးနွေးမှာဖြစ်ပြီး တရုတ်နိုင်ငံကို ဆန်တင်ပို့ရာမှာ တရားမ၀င် မဖြစ်ဘဲ တရားဝင် ဖြစ်ဖို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတဲ့ ကိစ္စတွေကို ဆွေးနွေးမယ်လို့ မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်က အတွင်းရေးမှူး ဒေါက်တာ စိုးထွန်းက ပြောပါတယ်။

တရုတ်နယ်စပ်မှာ ဆန်တင်ပို့မှုကို တင်းကြပ်တာ ၂ ပတ်ကျော်ကြာမြင့်လာပြီ ဖြစ်တဲ့ အတွက် နယ်စပ်ဆန်ကုန်သွယ်ရေးကို ထိခိုက်လာပါတယ်။

မြန်မာနိုင်ငံက ထွက်ရှိတဲ့ဆန်တွေရဲ့ ၈၀ ရာခိုင်နှုန်းနီးပါးကို တရုတ်ကို တရားဝင်ဆန်တင်သွင်းပေမယ့်လည်း အရည်အသွေး ထိန်းသိမ်းမှုနဲ့ စံချိန်စံနှုန်း စစ်ဆေးချက် မပါတဲ့အတွက် တရုတ်ဘက်က တရားဝင်လို့ မသတ်မှတ်ခဲ့ပါဘူး။

မြန်မာဆန်စပါး ထုတ်လုပ်သူများ အသင်းက ဒေါက်တာ မျိုးအောင်ကျော်က ဒီလို အရည်အသွေး ထိန်းသိမ်းမှုနဲ့ စံချိန် စံနှုန်း စစ်ဆေးချက်တွေဟာ အရင်က တရုတ်က ကန့်သတ်တာ မရှိပေမယ့် ဆန်တင်ပို့မှုကို ထိန်းချင်တဲ့ ရည်ရွယ်ချက်ဖြစ်ပုံရတယ်လို့ ပြောပါတယ်။

လက်ရှိ မြန်မာ့ဆန်ဟာ တရုတ်ဈေးကွက်ကို မှီခိုနေရပေမယ့် အရည်အသွေးတွေကို သတ်မှတ် စံချိန်အတိုင်း တိုးမြင့်ဆောင်ရွက် နိုင်မယ်ဆိုရင်တော့ တခြားဈေးကွက်တွေကလည်း ဈေးမြင့်ပေးလာနိုင်တဲ့အတွက် ဈေးကွက်တွေ ပိုကျယ်ပြန်လာနိုင်တယ်လို့ သူက ပြောပါတယ်။

“ကျနော်တို့ ဒီဘက်က အဆင့်အတန်းတခု မြှင့်ရမယ်ဆိုရင် စက်တွေ၊ ဆန်စက်တွေ၊ လယ်သမားတွေအထိ လိုက်လျောညီထွေဖြစ်အောင် လုပ်ရမှာပေါ့။ ပိုကောင်းအောင် လုပ်ရတော့မှာ။ ပိုကောင်းပြီဆိုရင် ဥရောပ ဈေးကွက်တွေကလည်း သူ့ဈေးတန်းနဲ့သူ မြင့်ပေးမယ်ဆိုရင် တွက်ခြေကိုက်တဲ့ဘက်ကို ကုန်သွယ်မှုသဘောအရ စီးဆင်းသွားမှာပဲ။

အရင်က မြန်မာ့ဆန်တွေကို ရေကြောင်းကနေတဆင့် တောင်အာဖရိကကို အများဆုံး တင်သွင်းခဲ့တာဖြစ်ပေမယ့် ဈေးရရှိတဲ့ အခြေအနေအရ လက်ရှိမှာတော့ တရုတ်ကို တင်သွင်းနေတာလည်း ဖြစ်ပါတယ်။

တရုတ်-မြန်မာနယ်စပ်က ကုန်သည်တဦးဖြစ်တဲ့ ဦးဘုန်းကျော်ကတော့ တရုတ်ဘက်က ဆန်တင်သွင်းတာကို ဖမ်းဆီးမှုတွေစတင်ခဲ့ပြီးတော့ နားလည်မှုနဲ့ တင်သွင်းတာရှိပေမယ့် အရင်လို ကျယ်ကျယ်ပြန့်ပြန့် မလုပ်ဆောင်နိုင်သလို လက်ရှိ ဆန် ကုန်သွယ်မှုတွေ အေးနေပြီး ကုန်သည်တွေ နစ်နာရတယ်လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013