DVB Logo
Home
နိုင်ငံတကာ
ဆစ်ဒနီအော်ပရာကဇာတ်ရုံ နှစ် ၅၀ ပြည့်အဖြစ် လေဆာမီးပြပွဲ လုပ်
DVB
·
October 21, 2023
ဆစ်ဒနီအော်ပရာကဇာတ်ရုံ နှစ် ၅၀ ပြည့်အဖြစ် လေဆာမီးပြပွဲ လုပ်
Donate to DVB

သြစတြေးလျနိုင်ငံရဲ့  အထင်ကရ အဆောက်အအုံတခုဖြစ်တဲ့ ဆစ်ဒနီအော်ပရာကဇာတ်ရုံဟာ အောက်တိုဘာ ၂၀ ရက်မှာ နှစ်ပေါင်း ၅၀ ပြည့်မြောက်ခဲ့တာကြောင့် လေဆာမီးပြပွဲတရပ် ပြုလုပ်ခဲ့ပါတယ်။ 

၁၉၇၃ ခုနှစ်ရဲ့ အောက်တိုဘာလ ၂၀ရက်နေ့မှာ ဒုတိယမြောက် အဲလ်လိဇဘတ် ဘုရင်မကြီး ကိုယ်တိုင် ဒီအဆောက်အအုံကို တရားဝင် ဖွင့်လှစ်ပေးခဲ့တာ ဖြစ်ပါတယ်။ 

၂၀ ရာစုအတွက် အခမ်းနားဆုံးသော ဗိသုကာလက်ရာတွေထဲမှ တခုအဖြစ် သတ်မှတ်ခံ ထားတဲ့ ဒီကဇာတ်ရုံကို နှစ်စဉ်လူပေါင်း ၁၀ ဒသမ ၉ သန်းက လာရောက်လည်ပတ်လေ့ ရှိတယ်လို့လည်း သိရပါတယ်။ 

၁၉၅၆ ခုနှစ်တုန်းက ဖိတ်ခေါ်ခဲ့တဲ့ အော်ပရာဟောက်စ် နိုင်ငံတကာဒီဇိုင်းပြိုင်ပွဲမှာ ကမ္ဘာတဝှမ်းမှ ဗိသုကာပညာရှင်တွေရဲ့  ဒီဇိုင်းပေါင်း ၂၃၃ ခုအထိ အရွေးချယ်ခံခဲ့ကြတယ်လို့ ဆိုပါတယ်။

အဲ့ဒီနောက် ဒိန်းမတ်နိုင်ငံသား ဂျော် အူတ်ဇန်ရဲ့  ဒီဇိုင်းလက်ရာက အနိုင်ရရှိသွားပြီး ၁၉၅၉ ခုနှစ်မှာ ဒီကဇာတ်ရုံကြီးကို စတင်တည်ဆောက်ခဲ့ရာ ၄ နှစ်အတွင်း အပြီးသတ်နိုင်ဖို့အတွက် မျှော်မှန်းခဲ့ကြပါတယ်။ 

ဒါပေမယ့်လည်း အစိုးရအပြောင်းအလဲဖြစ်မှု၊ ဒီဇိုင်းကွဲပြားခြားနားမှုနဲ့ ကုန်ကျစရိတ် မြင့်မားမှုတွေ ကြောင့် အူတ်ဇန်အနေနဲ့ ဒီဇိုင်းပြန်ရေးဆွဲခဲ့ရတဲ့အပြင် တည်ဆောက်မှု ပြီးစီးဖို့အတွက်ပါ ၁၄နှစ်ကြာ အချိန်ယူခဲ့ရပါတယ်။ 

၂၀၀၇ ခုနှစ်အရောက်မှာတော့ ယူနက်စကို(UNESCO) အဖွဲ့ကြီးရဲ့  ကမ္ဘာ့အမွေအနှစ် စာရင်း အတွင်း ဆစ်ဒနီအော်ပရာကဇာတ်ရုံကို တရားဝင်ထည့်သွင်းလိုက်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013