
ဘရူနိုင်းနိုင်ငံမှာ ပြုလုပ်နေတဲ့ ဘရုနိုင်းဘုရင့်ဖလား ဖိတ်ခေါ်ပြိုင်ပွဲ အုပ်စု (က) ဒုတိယနေ့ ပွဲစဉ်ကို သြဂုတ် ၁၀ ရက်နေ့က ယှဉ်ပြိုင်ရာမှာ မြန်မာယူ ၁၉ အသင်းက အရှေ့တီမောအသင်းကို ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
ဒီနိုင်ပွဲကြောင့် မြန်မာ အသင်းက အုပ်စုတွင်းမှာ ၆ မှတ်ရပြီး ဦးဆောင်နေပါတယ်။
မြန်မာအသင်းဟာ အုပ်စုအဖွင့်ပွဲတုန်းက လည်း လက်ရှိချန်ပီယံ ထိုင်းကို ၃ ဂိုး ၂ ဂိုးနဲ့ အနိုင်ရထားလို့ အုပ်စုကနေ တက်ဖို့ အလားအလာ ကောင်းနေပါတယ်။
အုပ်စု တတိယပွဲစဉ်အဖြစ် သြဂုတ် ၁၂ ရက်နေ့မှာ လာအိုအသင်း၊ နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ သြဂုတ် ၁၇ ရက်နေ့မှာ ဖိလစ်ပိုင်အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။











