ပရီးမီးယားလိဂ်တွင် အစ္စရေးနှင့် ပါလက်စတိုင်းအလံ ကိုင်ဆောင်ခွင့် ပိတ်ပင်
DVB
·
October 20, 2023

အခုတစ်ပတ်မှာ ပြန်လည်စတင်မယ့် အင်္ဂလန်ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ အစ္စရေးနဲ့ ပါလက်စ တိုင်းအလံတွေကို ကိုင်ဆောင်ခွင့်ပိတ်ပင်လိုက်ပါတယ်။
လုံခြုံရေးအခြေအနေအရ မတော်တဆမှုတွေဖြစ် မလာနိုင်ဖို့အတွက်လို့ အင်္ဂလန်အက်ဖ်အေက ထုတ်ပြန်ပါတယ်။
ဒါပေမဲ့ အပြစ်မဲ့ အရပ်သားပြည်သူတွေ ကွယ်လွန်ခဲ့ရတဲ့အပေါ် ကစားသမား၊ အုပ်ချုပ်သူနဲ့ နည်းပြအဖွဲ့ဝင်တွေ အားလုံးက အနက်ရောင် လက်ပတ်တွေ ဝတ်ဆင်ကစားကြမှာပါ။
ဒါ့အပြင် ကွယ်လွန်ခဲ့ရတဲ့သူတွေအတွက် အောက်မေ့သတိရကြောင်းပြသတဲ့အနေနဲ့ ပွဲမတိုင်ခင်မှာ တစ်မိနစ် ငြိမ်သက်စေမယ်လို့ သိရပါတယ်။
Photo-Reuters










