DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ပုဒ်မ ၁၄၄ အမိန့် ရုပ်သိမ်း
DVB
·
August 11, 2014
မန္တလေးတွင် ပုဒ်မ ၁၄၄ အမိန့် ရုပ်သိမ်း
Donate to DVB

မန္တလေးတိုင်း မြို့နယ် ၇ ခုမှာ ၁ လကျော်ကြာထုတ်ပြန်ခဲ့တဲ့ ညမထွက်ရ ပုဒ်မ ၁၄၄ အမိန့်ကို ရုပ်သိမ်းဖို့ ဆုံးဖြတ်လိုက်တယ်လို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးအုန်းလွင်က ပြောပါတယ်။

10500518_727457623959407_4905384926071999189_n“အမိန့်ထွက်လာပါ လိမ့်မယ်။ သက်ဆိုင်ရာကို ပို့လိုက်ပါပြီ။ သူတို့ ဆက်လုပ်ပါလိမ့်မယ်” လို့ ဦးအုန်းလွင်က ပြော ပါတယ်။

တည်ငြိမ်အေးချမ်း လာလို့ ပြန်ရုပ်သိမ်း တာဖြစ်ပြီး လုံခြုံရေးယူတာတို့၊ ပြီးခဲ့တဲ့ အကြမ်းဖက်မှုတွေမှာ ပါဝင်ခဲ့သူတွေကို ဖော်ထုတ် အရေးယူတာတွေကိုလည်း ဆက်လက်လုပ်ဆောင်သွားမယ်လို့ သူက ဆက်ပြောပါတယ်။

ဇူလိုင်လ ၃ ရက်နေ့နဲ့ ၄ ရက်နေ့တွေမှာ မန္တလေးတိုင်းက ၇ မြို့နယ်ကို ည ၉ နာရီကနေ မနက် ၃ နာရီထိ ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့တာပါ။

ဇူလိုင်လ ၂၆ ရက်နေ့မှာ မန္တလေးမြို့ ငြိမ်းချမ်းမှု ထိန်းသိမ်းရေးကော်မတီက ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ပြန်ရုပ်ပေးဖို့ မန္တလေးတိုင်းဝန်ကြီးချုပ်ကို တင်ပြတောင်းဆိုခဲ့ပါတယ်။

ဇူလိုင် ၂၈ ရက်နေ့မှာတော့ ည ၁၀ နာရီကနေ မနက် ၃ နာရီလို့ ပြင်ဆင် ထုတ်ပြန်ခဲ့တာဖြစ်ပါတယ်။

ညမထွက်ရအမိန့်ကို ချိုးဖောက်လို့ လူပေါင်းရာနဲ့ချီ ဖမ်းဆီးခံရပြီး ထောင်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013