DVB Logo
Home
Lead Story
မြန်မာ့ဆက်သွယ်ရေးက ပုံစံအသစ်ဖြင့် ဆင်းကတ် ရောင်းချပေး
DVB
·
August 11, 2014
မြန်မာ့ဆက်သွယ်ရေးက ပုံစံအသစ်ဖြင့် ဆင်းကတ် ရောင်းချပေး
Donate to DVB

မြန်မာ့ဆက်သွယ်ရေးဟာ မိုဘိုင်းဖုန်းဆင်းကတ်တွေကို အောက်ခြေ ကျေးရွာနဲ့ ရပ်ကွက် တွေမှာ ခွဲတမ်းစနစ်နဲ့ ရောင်းချပေးနေရာကနေ သြဂုတ်လလယ်ကစပြီး နောက်ထပ် စနစ် ၂ မျိုးနဲ့ ရောင်းချပေးနေပြီလို့ ကျောက်တံတားမြို့နယ် Elite Tech အရောင်းဆိုင် တာဝန်ရှိသူက ဒီဗွီဘီ ကို ပြောပါတယ်။

MPTပထမတမျိုး ကတော့ မြန်မာ့ဆက် သွယ်ရေး ဆင်းကတ်ကို အသုံးပြုပြီး ဖုန်းပြောဆိုခ ၁ လ ကျပ် ၁ သိန်းကျော်ဖိုး သုံးစွဲသူတွေကို ၁၅၀၀ ကျပ်နှုန်းနဲ့ ဆင်းကတ် ၃ ကတ်စီ ရောင်းချပေး တာ ဖြစ်ပြီး နောက်တ မျိုးကတော့ သုံးစွဲသူအားလုံးကို အလှည့်ကျစနစ်နဲ့ ရောင်းချပေးတာ ဖြစ်တယ်လို့ ဆိုပါတယ်။

၁ လ ကျပ် ၁ သိန်းအထက် ဖုန်းပြောဆိုသူတွေထဲက တနေ့ လူဦးရေ ၅ ထောင်လောက်ဆီကို မက်ဆေ့ခ်ျပို့ပြီး ဖုန်းဝယ်ယူနိုင်ကြောင်း အကြောင်းကြားပေးတယ်လို့ ဆိုပါတယ်။

အခြားဆင်းကတ် အသုံးပြုသူတွေကတော့ ဆင်းကတ် ထပ်မံဝယ်ယူလိုကြောင်း မြန်မာ့ ဆက်သွယ်ရေးကို မက်ဆေ့ခ်ျ ပို့ပေးရမှာ ဖြစ်ပြီး မြန်မာ့ဆက်သွယ်ရေးက အလှည့်ကျ စနစ်နဲ့အကြောင်းပြန်မှာ ဖြစ်ပါတယ်။

အကြောင်းပြန်ကြားစာ ရရှိသူဟာ အီလိုက်အရောင်းဆိုင်တွေမှာ ၁ ယောက် ဆင်းကတ် ၃ ကတ် ၀ယ်ယူနိုင်မယ်လို့ သူက ရှင်းပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013