DVB Logo
Home
Lead Story
နိုင်ငံရေးပါတီ ၆၆ ခုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တွေ့ဆုံ
DVB
·
August 11, 2014
နိုင်ငံရေးပါတီ ၆၆ ခုနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုကော်မတီ တွေ့ဆုံ
1 / 4
Donate to DVB

နိုင်ငံရေးပါတီတွေကို ငြိမ်းချမ်းရေးဖြစ်စဉ် ရှင်းလင်းတင်ပြဖို့အတွက် နိုင်ငံရေးပါတီ ၆၆ ခုနဲ့ ပြည်ထောင်စုငြိမ်းချမ်းရေးလုပ်ငန်းဖော်ဆောင်ရေးကော်မတီ (ယူပီဒဗလျူစီ) က ဒီကနေ့ မနက် ၉ နာရီကနေ ညနေ ၅ နာရီအထိ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တွေ့ဆုံနေပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေး လုပ်ငန်းဖော်ဆောင်ရေး ကော်မတီဘက်က ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းအဖွဲ့နဲ့ မြန်မာငြိမ်းချမ်းရေးစင်တာ တာဝန်ရှိသူတို့ တက်ရောက်ပြီး နိုင်ငံရေးပါတီ ၆၆ ခုက ပါတီခေါင်းဆောင်ပိုင်းတွေ တက်ရောက်နေပါတယ်။

ဒီကနေ့ပွဲကို တိုင်းရင်းသားလက်နက်ကိုင်ခေါင်းဆောင်တွေပါဝင်တဲ့ တနိုင်ငံလုံး အပစ်အခတ်ရပ်စဲရေးဆိုင်ရာ ညှိနိုင်းရေးအဖွဲ့ (အန်စီစီတီ) ကတော့ တက်ရောက်ခြင်းမရှိပါဘူး။

လာမယ့် သြဂုတ် ၁၅ ရက်နေ့ကနေ (၁၆) ရက်နေ့အထိ ရန်ကုန်မြို့ မြန်မာငြိမ်းချမ်းရေးစင်တာမှာ တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် ချုပ်ဆိုနိုင်ရေးအတွက် Single Text အချောသတ်နိုင်ဖို့ အန်စီစီတီနဲ့ ယူပီဒဗလျူစီတို့ တွေ့ဆုံဖို့ ရှိနေပါတယ်။
ဓာတ်ပုံ - ထွန်းထွန်းသိန်း

1 copy 2 copy 3 copy 4 copy

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013