DVB Logo
Home
နိုင်ငံတကာ
မွန်ဂိုလီးယားမှတဆင့် တရုတ်ဆီပို့မည့် ပိုက်လိုင်းစီမံကိန်း ရှေ့ဆက်မည်ဟု ပူတင်ပြော
DVB
·
October 19, 2023
မွန်ဂိုလီးယားမှတဆင့် တရုတ်ဆီပို့မည့် ပိုက်လိုင်းစီမံကိန်း ရှေ့ဆက်မည်ဟု ပူတင်ပြော
Donate to DVB

ရုရှားဓာတ်ငွေ့ကို မွန်ဂိုလီးယားကတဆင့် တရုတ်နိုင်ငံဆီ ပို့ဆောင်ပေးမယ့် Power of Siberia 2 ပိုက်လိုင်းစီမံကိန်းဟာ ကောင်းတဲ့အရှိန်အဟုန်နဲ့ ရှေ့ကိုဆက်မယ်လို့ ယုံကြည်ကေြာင်း ရုရှားသမ္မတ ဗလာဒီမာပူတင်က မွန်ဂိုလီးယားသမ္မတကို အောက်တိုဘာ ၁၇ ရက်မှာ ပြောလိုက်ပါတယ်။

ယူကရိန်းအရေးနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေက ရုရှားအပေါ် စီးပွားရေး ပိတ်ဆို့အရေးယူမှုတွေ ချမှတ်ထားလို့ ရုရှားနိုင်ငံဟာ ကမ္ဘာ့ရေနံသုံးစွဲမှု ဒုတိယအများဆုံး ဖြစ်တဲ့ တရုတ်နိုင်ငံဆီ စွမ်းအင်ထောက်ပံ့မှု တိုးမြှင့်ပေးခဲ့ပါတယ်။

Power of Siberia ပိုက်လိုင်းကတဆင့် တရုတ်နိုင်ငံဆီ သဘာဝဓာတ်ငွေ့တွေ ပေးပို့ထားပြီးသားဖြစ်ပြီး နောက်တိုးအနေနဲ့ Power of Siberia 2 ကတဆင့် တနှစ်ကို ကုဗမီတာ ၅၀ ဘီလီယံ ပို့ဆောင်ရေး အဓိက သဘောတူညီချက်ရဖို့ မျှော်လင့်ထားပါတယ်။

ဓာတ်ငွေ့စျေးနှုန်းလို အဓိကပြဿနာတွေကတော့ ယတိပြတ် မပြောရသေးပါဘူး။

“လူတိုင်းက ဒီပရောဂျက်ကို သဘောတူကြတယ်၊ အားလုံးက ပါဝင်ချင်ကြတယ်၊ အလုပ်လည်း လုပ်ချင်တယ်။ အဲဒါက အကောင်အထည်ဖော်ရမယ့် ကိစ္စပါ။ ကျနော်တို့ အရှိန်အဟုန် ကောင်းကောင်းနဲ့ လျှောက်လှမ်းမယ်လို့ ထင်ပါတယ်” လို့ ခါးပတ်နဲ့ လမ်းစီမံကိန်း BRI ညီလာခံကို တက်နေတဲ့ မွန်ဂိုလီးယားသမ္မတကို ပူတင်က ပြောပါတယ်။

ပူတင်ရဲ့ခရီးစဉ်နဲ့ အခုသီတင်းပတ်အတွင်း တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နဲ့ တွေ့ဆုံမှုတွေအတွင်း ရေနံ ဒါမှမဟုတ် သဘာဝဓာတ်ငွေ့ သဘောတူညီချက်တွေရဖို့ မျှော်လင့်တယ်လို့ ရုရှားသမ္မတနန်းတော်က ပြောပါတယ်။

The Power of Siberia ပိုက်လိုင်းဟာ ၂၀၁၉ ခုနှစ် နှောင်းပိုင်းမှာ တရုတ်နိုင်ငံဆီ ဓာတ်ငွေ့ စပို့ခဲ့တာပါ။

၂၀၂၁ ခုနှစ်မှာ ၁၀ ဒသမ ၅ ဘီလီယံ ကုဗမီတာနဲ့ အခုနှစ်မှာ ၁၅ ဒသမ ၅ ဘီလီယံ ကုဗမီတာ တင်ပို့ခဲ့ပြီး ၂၀၂၅ ခုနှစ်မှာ တနှစ်ကို ၃၈ ဘီလီယံကုဗမီတာ ထောက်ပံ့ဖို့ စီစဉ်ထားတယ်လို့ အမေရိကန်ဒေါ်လာ ဘီလီယံ ၄၀၀ တန်ဖိုးရှိတဲ့ နှစ် ၃၀  သက်တမ်း စာချုပ်အရ သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013