DVB Logo
Home
နိုင်ငံတကာ
အမေရိကန် တာဝေးပစ်ဒုံးကျည်များဖြင့် ယူကရိန်းက ရုရှားကို တိုက်ခိုက်
DVB
·
October 18, 2023
အမေရိကန် တာဝေးပစ်ဒုံးကျည်များဖြင့် ယူကရိန်းက ရုရှားကို တိုက်ခိုက်
Donate to DVB

အမေရိကန်က ထောက်ပံ့ပေးတဲ့ တာဝေးပစ် ATACMS ဒုံးကျည်တွေကို ယူကရိန်းနိုင်ငံက ရုရှားတပ်ဖွဲ့တွေဆီကို အောက်တိုဘာ ၁၇ ရက်မှာ ပစ်လွှတ်ခဲ့တယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက အတည်ပြု ပြောဆိုလိုက်ပါတယ်။

ဒုံးကျည်တွေကို အမေရိကန်အစိုးရက ယူကရိန်းအစိုးရဆီ လျှို့ဝှက်ပေးပို့ခဲ့ပေမဲ့ ဘယ်အချိန်က ပို့လိုက်တယ် ဆိုတာကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ အမည်မသိ အမေရိကန်အရာရှိ နှစ်ဦးကို ကိုးကားပြီး CNN သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

ATACMS လို့ အတိုကောက်ခေါ်တဲ့ စစ်သုံး ဗျူဟာမြောက် မစ်ဇိုင်းဒုံးကျည်စနစ်ကို အင်္ဂါနေ့က ပစ်ခတ်ခဲ့ပြီး အကြမ်းဖျင်း လ ၂၀ ကြာနေပြီဖြစ်တဲ့ ယူကရိန်း-ရုရှား ပဋိပက္ခအတွင်း ဒီစနစ်ကို ပထမဆုံးသုံးတာလို့ ဝေါလ်စထရိဂျာနယ်က ဖော်ပြခဲ့ပါတယ်။

မကြာသေးမီ ရက်သတ္တပတ်တွေအတွင်းက ပေးပို့ခဲ့တဲ့ ဒုံးကျည်တွေ ဝယ်ယူမှုနဲ့ ဖြန့်ကျက်မှုဆိုင်ရာ အစီရင်ခံ တင်ပြချက်လို့ Politico သတင်းဌာနက ဖော်ပြပါတယ်။

ယူကရိန်းအစိုးရဟာ ရုရှားသိမ်းပိုက်ထားတဲ့ နယ်မြေထဲက ထောက်ပံ့ရေးလိုင်းတွေ၊ လေတပ်စခန်းတွေနဲ့ ရထားလမ်းကွန်ရက်တွေကို တိုက်ခိုက် နှောင့်ယှက်ရာမှာ ကူညီရေး ATACMS စနစ်တွေ ပံ့ပိုးဖို့ အမေရိကန်အစိုးရကို အကြိမ်ကြိမ် တောင်းဆိုခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013