DVB Logo
Home
နိုင်ငံတကာ
ကယ်ဆယ်ရေးပစ္စည်းတင် အီဂျစ်ထရပ်ကားများ ရာဖှာဂိတ်ရောက်ရှိ၊ တိုက်ပွဲကြောင့် ဝင်ခွင့်မရသေး
DVB
·
October 18, 2023
ကယ်ဆယ်ရေးပစ္စည်းတင် အီဂျစ်ထရပ်ကားများ ရာဖှာဂိတ်ရောက်ရှိ၊ တိုက်ပွဲကြောင့် ဝင်ခွင့်မရသေး
Donate to DVB

အီဂျစ်အကူအညီပေးရေး ထရပ်ကားတွေဟာ ဂါဇာကမ်းမြောင်ဆီ သွားရောက်တဲ့ တခုတည်းသော နယ်စပ် ရာဖှာဂိတ်ကို အောက်တိုဘာ ၁၇ ရက်က ရောက်ရှိလာခဲ့ပေမယ့် တိုက်ပွဲတွေကြောင့် ပါလက်စတိုင်းဘက်က ပိတ်ထားဆဲဖြစ်ပြီး ကယ်ဆယ်ရေး ပစ္စည်းတွေ ပေးပို့ဖြန့်ဖြူးဖို့ ဘာသဘောတူညီချက် မရသေးဘူးလို့ သိရပါတယ်။ 

ရာဖှာ နယ်စပ်ဂိတ်ဟာ တိုက်ပွဲတွေ မဖြစ်ခင်က အရေးကြီးတဲ့ ပင်မလမ်းကြောင်းတခုဖြစ်ပြီး အစ္စရေးတွေ ဝိုင်းထားတဲ့ ပါလက်စတိုင်း နယ်မြေအတွင်း ထောက်ပံ့ရေးပစ္စည်းတွေအတွက် လိုအပ်နေတဲ့ အဓိကလမ်းကြောင်း ဖြစ်ပါတယ်။ 

ခန်ယိုနစ်စ်မြို့ အနီးအနားမှာတည်ရှိတဲ့ ရာဖှာ နယ်စပ်ဂိတ်ကို အစ္စရေးက ညတွင်းချင်း ဗုံးကြဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး လူ ၄၉ ဦး သေဆုံးခဲ့ကြောင်း ဂါဇာရဲ့ ပြည်ထဲရေး၀န်ကြီးဌာနက ပြောကြားပါတယ်။ 

ဒီရက်ပိုင်းအတွင်းမှာ ရာဖှာဂိတ် ဖွင့်ဖို့ကို စောင့်ဆိုင်းနေကြတဲ့ ၂ နိုင်ငံသား ရရှိထားတဲ့ လူတချို့ဟာ အောက်တိုဘာ ၁၇ ရက်က နယ်စပ်ကို ချဉ်းကပ်လာကြပေမယ့် လေကြောင်းတိုက်ခိုက်မှုကြောင့် ပိတ်မိနေကြတယ်လို့ ပြောပါတယ်။ 

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်းကန်ဟာ ၉ နာရီကြာ စေ့စပ်ဆွေးနွေးအပြီးမှာ ဂါဇာကမ်းမြောင်ဒေသကို အကူအညီတွေ ရရှိအောင် အစ္စရေးနဲ့ သဘောတူညီခဲ့ကြောင်း အောက်တိုဘာ ၁၇ ရက်မှာ ပြောကြားခဲ့ပါတယ်။ 

မနေ့မနက်အစောပိုင်းက အီဂျစ်နိုင်ငံ ဆီနိုင်းကျွန်းဆွယ်ကနေ တန်ချိန် ရာနဲ့ချီ အကူအညီပစ္စည်းတွေ တင်ဆောင်ထားတဲ့ ထရပ်ကားအစီးရေ ၁၆၀ ခန့် ထွက်ခွာခဲ့တာဖြစ်ပြီး အကူအညီတွေကို ပေးအပ်နိုင်ဖို့ သဘောတူညီချက်ကို စောင့်ဆိုင်းနေရတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013