
သြဂုတ်လ ၁၂ ရက်နေ့မှာ ကျရောက်မယ့် နိုင်ငံတကာလူငယ်များနေ့ (IYD) အထိမ်းအမှတ်အဖြစ် ရန်ကုန်လူငယ်ပွဲတော်နဲ့ လူငယ်အဖွဲ့အစည်းများပြပွဲကို ရန်ကုန်တက္ကသိုလ်၊ စိန်ရတုခန်းမတွင် သြဂုတ် ၁၀ ရက်နေ့ နံနက် ၉ နာရီမှ ညနေ ၅ နာရီအထိ ကျင်းပနေပါတယ်။
ရန်ကုန်လူ့ငယ်ပွဲတော်ကို ရန်ကုန်အခြေစိုက် လူငယ်အဖွဲ့အစည်း ၁၆ ဖွဲ့က ပူးပါင်းစီစဉ်ခြင်းဖြစ်ပြီး လူငယ်များကို စွမ်းရည်မြှင့်တင်ပေးခြင်းမှသည် ကျန်းမာဖွံဖြိုးသော လူ့အဖွဲ့အစည်းဆီသို့ ခေါင်းစဉ်ဖြင့် ဆွေးနွေးကြပြီး စောဖိုးခွား၊ အိမ်မက်ဆုံရာနှင့် မျက်မမြင် အဆိုတော်များက သီဆိုဖျော်ဖြေတဲ့ အစီအစဉ်တွေနဲ့ ကျင်းပနေတာ ဖြစ်ပါတယ်။
ဓာတ်ပုံ - ထွန်းထွန်းသိန်း
[gallery ids="62043,62044,62045,62046,62047,62048,62049"]











