DVB Logo
Home
မြန်မာသတင်း
ပညာရေးစနစ် ပွင့်လင်းမြင်သာသည့် ဗဟိုချုပ်ကိုင်မှု လိုအပ်ဟုဆို
DVB
·
August 10, 2014
ပညာရေးစနစ် ပွင့်လင်းမြင်သာသည့် ဗဟိုချုပ်ကိုင်မှု လိုအပ်ဟုဆို
Donate to DVB

အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ဗဟိုချုပ်ကိုင်မှု များနေတယ်ဆိုပြီး ကန့်ကွက် ဝေဖန်တာတွေ ရှိနေပေမယ့် သမ္မတဦးသိန်းစိန်ရဲ့ ပညာရေးအကြံပေးအဖွဲ့ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ်ကတော့ ပညာရေးစနစ်မှာ ပွင့်လင်းမြင်သာမှုရှိတဲ့ ဗဟိုထိန်းချုပ်မှု လိုအပ်တယ်လို့ ပြောကြားလိုက်ပါတယ်။

school boyအသစ်ရေးဆွဲထားတဲ့ မြန်မာပြည်ရဲ့ အမျိုးသားပညာရေးဥပဒေမူကြမ်းမှာ ပါဝင်တဲ့ ဗဟိုချုပ်ကိုင်မှုဆိုတာ လိုအပ်တယ်လို့ နိုင်ငံတော်သမ္မတရဲ့ ပညာရေး အကြံပေးအဖွဲ့ ခေါင်းဆောင် ဒေါက်တာရင်ရင်နွယ်က ပြောကြားလိုက်တာပါ။

အသွင်ကူးပြောင်းရေး ကာလမှာရှိနေတဲ့ မြန်မာနိုင်ငံအနေနဲ့ ပညာရေးမှာ ဗဟိုချုပ်ကိုင်မှု လိုအပ်တယ်ဆိုတဲ့အကြောင်းကိုတော့ သူက အခုလို ရှင်းပြပါတယ်။

“ဗဟိုထိန်းချုပ်မှုဆိုသည်မှာ အချက် ၃ ချက်နဲ့ ပြည့်စုံရင်တော့ ပြည်သူလူထုက ကျေနပ်သင့်ပါတယ်။ ထိန်းချုပ်မှုကို လွှတ်လိုက်လို့ရှိရင် ကစဥ့်ကလျား ဖြစ်ကုန်မယ်။ အဲဒီအချက် ၃ ချက်က ဘာလဲဆိုတော့ ပွင့်လင်းမြင်သာမှု ရှိရမယ်၊ တရားမျှတမှု ရှိရမယ်၊ ဆုံးဖြတ်ချက်တွေကို ဒေတာအပေါ် အခြေခံရမယ်၊ ဥပမာ ချင်းပြည်နယ်နဲ့ ရခိုင်ပြည်နယ်က စီးပွားရေး အင်အားနည်းနေတဲ့ ပြည်နယ်တွေပေါ့လေ။ အဆင်းရဲဆုံး ပြည်နယ်တွေ ဖြစ်နေတဲ့အတွက် သူတို့ကို ဦးစားပေးရမယ်။ ဗဟိုထိန်းချုပ်မှုစနစ်တခုကတော့ စပ်ကူးမပ်ကူး ကာလမှာ ပိုတောင်လိုသေးတယ်။”

မြန်မာပြည်ရဲ့ ပညာရေးကို နိုင်ငံတကာအဆင့်မီဖြစ်လာအောင် ပြောင်းလဲနိုင်ဖို့အတွက် အချက်အလက်တွေကို သေချာကောက်ယူဖို့ လိုတယ်လို့လည်း သူက ပြောပါတယ်။

အောက်မြန်မာပြည် တက္ကသိုလ်ဆရာများသမဂ္ဂ အတွင်းရေးမှူး ဆရာ ဦးသန်းထိုက်အောင်ကတော့ အမှန်အတိုင်းပြောရဲ၊ ရေးရဲဖို့အတွက် ဗဟိုချုပ်ကိုင်မှုဆိုတာ မရှိသင့်ဘူးလို့ ပြောပါတယ်။

“အစိုးရရဲ့ မျက်နှာကို ကြည့်စရာမလိုပဲနဲ့ အစိုးရ မှားရင်မှားတယ်။ အစိုးရ မှန်တယ်ဆိုရင်လည်း မှန်တဲ့အလျောက် မှားလို့ရှိရင်လည်း ဒါက မှားနေပြီဆိုတာ ပညာရှင်ရှုထောင့်ကနေ တွေ့ရှိချက်တွေ သုတေသန ချက်တွေအရ ဒီလမ်းကြောင်းကို ခင်ဗျားတို့ရွေးချယ်သင့်တယ်။ ဒီလမ်းကြောင်း သွားကာမှ အောင်မြင်လိမ့်မယ်လို့ စီးပွားရေးပညာရှင်ကလည်း စီးပွားရေးပညာရှင်အလျောက် သမိုင်းပညာရှင်ကလည်း သမိုင်းပညာရှင်အလျောက် ထိုနည်းလည်းကောင်း အခြားသော ပညာရှင်တွေကလည်း ၀ိုင်းဝန်းပြီး တည့်မတ်တဲ့ လမ်းကြောင်းတခုကို ရောက်အောင် ပြောဆိုပြီးတော့မှ မှန်ကန်တဲ့ ပေါ်ကို ရောက်အောင် တင်ပေးရမှာဖြစ်တယ်။ အဲဒီလို တင်ပေးရမယ့် လူတွေရဲ့ အထက်မှာတော့ အုပ်ချုပ်သူအစိုးရ မရှိစေချင်ဘူး။ အဲဒီတော့ နိုင်ငံရေးအတွက် လိုအပ်တယ်ဆိုရင် ပြောရဲဆိုရဲတဲ့သူ ဖြစ်နိုင်ရမယ်။ ပြောရဲဆိုရဲဖို့ကို သူ့အထက်မှာ ဗဟိုချုပ်ကိုင်မှုဆိုတာ မရှိသင့်ဘူးလို့ ထင်တဲ့အတွက် ကျနော်တို့ကတော့ ဗဟိုချုပ်ကိုင်မှုကို အားမပေးဘူး။”

ရမည်းသင်းနည်းပညာတက္ကသိုလ် ကျောင်းသားများသမဂ္ဂ ဥက္ကဋ္ဌ ကိုသန့်စင်ကလည်း ဗဟိုချုပ်ကိုင်မှု ရှိခဲ့ရင်လည်း ပွင့်လင်းမြင်သာဖို့တော့ လိုချင်တယ်လို့ အခုလို ပြောပါတယ်။

“အဲဒီလိုမျိုး တကယ့်တကယ် လုပ်မယ်ဆိုရင်လည်း အပြန်အလှန် ပွင့်လင်းမြင်သာမှု ဆိုတဲ့ အတိုင်း တကယ် ပွင့်လင်းမြင်သာမှု ပိုမိုရှိစေချင်တယ်။ အခုဟာက လုပ်နေတာတွေက ကျနော်တို့ ကျောင်းသားတွေလည်း မသိရဘူး။ ထုတ်လိုက်တဲ့ဥပဒေနဲ့ ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာနဲ့ သိသင့်တယ်။ ကျောင်းသားတွေ လိုက်နာနိုင်တဲ့ စည်းကမ်းတွေ ချမှတ်ပြီး ပွင့်လင်းမြင်သာစွာနဲ့ ချပြစေချင်တယ်။”

ကျောင်းသားနဲ့ ဆရာတွေရဲ့ သဘောထားဆန္ဒ မပါဘဲ ပညာရေးဝန်ကြီးဌာနက အလိုကျ ရေးဆွဲထားတဲ့ အမျိုးသားပညာရေး ဥပဒေကြမ်းကို ပြီးခဲ့တဲ့ ဇူလိုင် ၁၅ ရက်နေ့က အမျိုးသားလွှတ်တော်မှာ အတည်ပြုလိုက်ပြီးနောက် ရတနာပုံတက္ကသိုလ်၊ မန္တလေးနဲ့ ကျောက်ဆည် နည်းပညာကောလိပ်က ကျောင်းသားတွေ ပူးပေါင်းပြီး ကန့်ကွက် ဆန္ဒပြခဲ့ကြပါတယ်။

အလားတူ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် (ဗကသ) ကလည်း အဲဒီ ဥပဒေမူကြမ်းမှာ တက္ကသိုလ်ကျောင်းဆရာတွေနဲ့ ကျောင်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးတွေ ကို ဗဟိုက ချုပ်ကိုင်ထားတဲ့အချက်တွေ ပါဝင်နေတာမို့ ကန့်ကွက်ကြောင်း ထုတ်ဖော် ပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013