DVB Logo
Home
မြန်မာသတင်း
သြစတေးလျနှင့် အာဆီယံအကြား ဆက်ဆံရေးတိုးချဲ့ရန် သြစလေးလျနိုင်ငံခြားရေးဝန်ကြီး ပြော
DVB
·
August 10, 2014
သြစတေးလျနှင့် အာဆီယံအကြား ဆက်ဆံရေးတိုးချဲ့ရန် သြစလေးလျနိုင်ငံခြားရေးဝန်ကြီး ပြော
Donate to DVB

သြစတေးလျ နဲ့ အာဆီယံ အကြား ပြည်သူအချင်းချင်း ဆက်ဆံရေးကို တိုးချဲ့လုပ်ဆောင်သွားဖို့ သြစတေးလျ နိုင်ငံခြားရေး ဝန်ကြီးက ပြောလိုက်ပါတယ်။

z2သြစတေးလျ နဲ့ အာဆီယံတို့ရဲ့ မိတ်ဖက် နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးကို သြဂုဏ်လ ၁၀ ရက်နေ့က နေပြည်တော်မှာ ပြုလုပ်ပြီး နှစ်ဖက် ပြည်သူတွေရဲ့ ဆက်ဆံရေး တိုးမြှင့်ဖို့ ကိစ္စ၊ ဘက်စုံပူးပေါင်းဆောင်ရွက်ရေး ကိစ္စတွေကိုလည်း ဆွေးနွေးခဲ့ကြတာပါ။ သြစတေးလျအနေနဲ့ အာဆီယံ ဒေသအတွင်းက ပြည်သူတွေနဲ့ ပညာရေး၊ ဆက်ဆံရေး ကဏ္ဍတွေမှာ အခုထက် ပိုမိုတိုးချဲ့ဖို့လိုတယ်လို့ သြစတေးလျ နိုင်ငံခြားရေးဝန်ကြီးက ပြောပါတယ်။

“ကျမတို့ အကြားမှာ ခရီးသွားတဲ့ကိစ္စ တိုးတက်ကြီးထွားလာတာကို အောင်မြင်မှု တခုပါ။ ကျမ ဆိုလိုချင်တာက ကျမတို့ပြည်သူ အချင်းချင်း အကြားမှာ ပိုမို ရင်နီးမှု ရလာအောင် လုပ်ဆောင်ဖို့ အထူးသဖြင့် ပညာရေး ကဏ္ဍ တွေလိုမျိုးဖြစ်ပါတယ်။ နောက်တခုက မိတ်ဆွေ အာဆီယံ နိုင်ငံအတွေအနေနဲ့ ကိုလံဘို စီမံချက် အသစ်တွေကို နွေးထွေးစွာ လက်ခံကြိုဆိုတဲ့ အပေါ်မှာလည်း ကျမ အားရကျေနပ်မိပါတယ်။ ဒါတွေဟာ ကျမတို့ အကြားမှာ ခင်မင်ရင်းနှီးမှု တွေနဲ့ ကွန်ယှက်တွေ ပိုမိုတိုးချဲ့နိုင်ရုံနဲ့ မကပါဘူး တခြားကိစ္စတွေလည်း ဖလှယ်နိုင်ပါတယ်။ အာဆီယံ နဲ့ သြစတေးလျ ဒေသအတွင်းက မျိုးဆက်သစ်လူငယ်တွေ အကြားမှာလည်း နားလယ်မှုတွေ ပိုမိုကြီးထွားနိုင်မှာ ဖြစ်ပါတယ်။”

အစည်းအဝေးမှာ အာဆီယံ သြစတေးလျ ဘက်စုံပူပေါင်းဆောင်ရွက်ရေးဆိုင်ရာ ၂၀၁၅ ကနေ ၂၀၁၉ အထိ လုပ်ငန်းအစီအစဉ်ကိုလည်း အတည်ပြုခဲ့ကြပါတယ်။ အာဆီယံဒေသတွင်း လူကုန်ကူးမှုတိုက်ဖျက်ရေးအတွက် အထောက်အကူပြုဖို့ ၅ နှစ်လုပ်ငန်းစီမံချက်ကို ၂၀၁၄ ခုနှစ် မတ်လမှာ စတင်ဆောင်ရွက်နေမှုကိုလည်း အာဆီယံနိုင်ငံတွေက ကြိုဆိုခဲ့ကြသလို သြစတေးလျနိုင်ငံရဲ့ ကိုလံဘို စီမံကိန်းအသစ်အတွက် လာမည့် ၅ နှစ်အတွင်း သြစတေးလျက ဒေါ်လာသန်း ၁၀၀ ပံ့ပိုးဖို့ကိုလည်း မှတ်တမ်းတင်ခဲ့ကြပါတယ်။

၄၇ ကြိမ်မြောက် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နဲ့ တဆက်တည်းပြုလုပ်တဲ့ အာဆီယံ သြစတြေုးလျ ဆွေးနွေးဘက်ဆက်ဆံရေးဝန်ကြီးအဆင့် အစည်းအဝေးကို ပြည်ထောင်စုဝန်ကြီး ဦးဝဏမောင်လွင် ခေါင်းဆောင်တဲ့ အာဆီယံနိုင်ငံခြားရေးဝန်ကြီးတွေ နဲ့ သြစတြေးလျနိုင်ငံခြားရေးဝန်ကြီး မစ္စစ်ဂျူလီဘစ်ရှော့ အပါအတဝင် ဖိလစ်ပိုင် သမ္မတ နိုင်ငံခြားရေးဝန်ကြီးလည်း တက်ရောက်ခဲ့ကြပါတယ်။

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး နဲ့ ဆက်စပ်အစည်း အဝေးတွေကို ဩဂုတ် ၈ ရက်နေ့ကနေ ၁ဝ ရက်အထိ ကျင်းပ နေတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013