DVB Logo
Home
မြန်မာသတင်း
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင်အလုပ်သမား ၃၅၀ ခန့် ဖမ်းဆီးခံရ
DVB
·
October 17, 2023
ထိုင်းနိုင်ငံတွင် မြန်မာအပါအဝင် တရားမဝင်အလုပ်သမား ၃၅၀ ခန့် ဖမ်းဆီးခံရ
Donate to DVB

ထိုင်းနိုင်ငံအလယ်ပိုင်း အယုဒ္ဓယခရိုင် အူထိုင်းမြို့နယ်ရှိ စက်မှုလက်မှုလုပ်ငန်းခွင်တခုမှာ မြန်မာအပါအဝင် တရားမဝင် ရွှေ့ပြောင်းအလုပ်သမား ၃၅၀ လောက် ဖမ်းဆီးခံခဲ့ရတယ်လို့ သိရပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ ကျန်းမာရေးနဲ့အညီမနေဘဲ ပတ်ဝန်းကျင်ကိုပါ အနှောင့်အယှက် ပြုတယ်လို့ ပြည်သူတွေက တိုင်ကြားထားတဲ့အတွက် သွားရောက်စစ်ဆေးပြီး ဖမ်းဆီးခဲ့တာလို့ အယုဒ္ဓယခရိုင် အလုပ်သမားရုံးက ပြီးခဲ့တဲ့ အောက်တိုဘာ ၁၄ ရက် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

အဆိုပါလုပ်ငန်းခွင်ဟာ အူထိုင်းမြို့နယ် နောင်နမ့်ဆုမ့်ရပ်ကွက် နယ်မြေ ၄ ထဲမှာ တည်ရှိပြီး အဲဒီက အလုပ်သမားတွေဟာ ညစ်ညမ်းရေ စည်းကမ်းမဲ့သွန်တာ၊ ညစ်ပတ်နံစော်တာ၊ ဆူညံစွာ ခိုက်ရန်ဖြစ်ပွားတာ၊ အနီးနားရှိ စိုက်ခင်းထဲက သီးနှံတွေကို ပိုင်ရှင်မသိအောင် မကြာခဏ ဆွတ်ခူးတာ စတာတွေကြောင့် ပတ်ဝန်းကျင်ကို အနှောင့်အယှက်ဖြစ်စေတယ်လို့ တိုင်ကြားချက်ရတဲ့အတွက် ခရိုင်အလုပ်သမားရုံး၊ အုပ်ချုပ်ရေးဌာန၊ လဝကရဲတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့တွေ ပါဝင်တဲ့ ပူးပေါင်းအင်အား ၁၀၀ လောက်ဟာ အောက်တိုဘာ ၁၂ ရက် မနက် ၆ နာရီလောက်က သွားရောက်စစ်ဆေးခဲ့တာလို့ ခရိုင်အလုပ်သမားဦးစီးဌာန ညွှန်ကြားရေးမှူး နန်းဆောင်ဘွန်း ယဝီခွက်ဖန်းက ပြောပါတယ်။

စစ်‌ဆေးချက်အရ အဆိုပါအလုပ်သမားတန်းလျားမှာ မြန်မာနဲ့ ကမ္ဘောဒီးယားနိုင်ငံက အလုပ်သမား ၁,၀၀၀ ကျော် ကျပ်တည်းစွာ စုပြုံနေထိုင်ကြပြီး အမှန်တကယ် ကျန်းမာ‌ရေးနဲ့ မညီညွတ်ကြောင်း၊ သူတို့ကို စာရွက်စာတမ်း အထောက်အထားတွေ စစ်ဆေးရာမှာ ၃၄၇ ယောက်မှာ ထိုင်းနိုင်ငံထဲ ဝင်လာတဲ့ အထောက်အထားမရှိ၊ အလုပ်သမားမှတ်ပုံတင်ကတ်လည်း မရှိဘူးလို့ ဆိုပါတယ်။

အဆိုပါ ၃၄၇ ဦးမှာ မြန်မာ ၆၉ ဦး၊ ကမ္ဘောဒီးယား ၂၇၈ ဦးပါဝင်ပြီး အလုပ်ရှင်မှာလည်း တရုတ်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်တဦး ဖြစ်တယ်လို့ ဆိုပါတယ်။

အဆိုပါ အလုပ်သမားတွေဟာ ပွဲစားအဆက်အသွယ်နဲ့ နယ်စပ်ကနေ တရားမဝင် ဝင်ရောက်လာပြီး အလုပ်လုပ်နေကြတာလို့ ပြောပါတယ်။

တာဝန်ရှိသူတွေက အဆိုပါအလုပ်သမား ၃၄၇ ဦးကို လဝကဥပဒေ၊ အလုပ်သမားဥပဒေနဲ့အညီ အရေးယူဖို့ အူထိုင်းနယ်မြေရဲစခန်းမှာ ခေါ်ယူထိန်းသိမ်းထားပြီး အလုပ်ရှင်ကိုလည်း စစ်ဆေး    အရေးယူသွားမယ်လို့ အလုပ်သမားညွှန်မှူးက ပြောသွားပါတယ်။

ကိုးကား - https://www.thaipbs.or.th/news/content/332812

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013