
တချိန်တုန်းက အာဆင်နယ်ပရိသတ်တွေရှေ့မှာ အလွန်အကျူးအောင်ပွဲခံခဲ့တာကို မေ့ပစ်ဖို့ အဒီဘာယောက ပရိသတ်တွေကို တိုက်တွန်းသွားပါတယ်။
တိုဂိုတိုက်စစ်မှူးဟာ အာဆင်နယ်ကနေ မန်စီးတီးဆီပြောင်းရွှေ့ခဲ့ပြီးနောက် အသင်းဟောင်းဘက်ကို ဂိုးသွင်းပြီးချိန်မှာ အာဆင်နယ်ပရိသတ်တွေရှေ့အထိ ပြေးလွှား အောင်ပွဲခံခဲ့တာပါ။
အဲဒီဖြစ်ရပ်ကို အာဆင်နယ်ပရိသတ်တွေက မမေ့နိုင်ကြဘဲ အဒီဘာယောအပေါ် ဝေဖန်မှုတွေ လုပ်ဆောင်ခဲ့ကြတာပါ။
အဒီဘာယောကတော့ အဲဒီဖြစ်ရပ်ကို မေ့ပစ်ဖို့နဲ့ အခုနှစ်ရာသီမှာ အာဆင်နယ်အသင်း အောင်မြင်မှု ရရှိပါစေကြောင်း ဆုတောင်းစကားဆိုခဲ့ပါတယ်။
အဒီဘာယောက “၂၀၀၉ ခုနှစ်တုန်းက ကွင်းဘေးတလျှောက် ပြေးလွှားအောင်ပွဲခံခဲ့တာကို အာဆင်နယ် ပရိသတ်တွေ မေ့ဖျောက်နိုင်မယ်လို့ထင်ပါတယ်။ ဒီနေ့မှာတခါတည်း ရှင်းအောင်ပြောရမယ်ဆိုရင် ကိုယ့်ရဲ့မိသားစု၊ အထူးသဖြင့် အဖေနဲ့ အမေကို စော်ကားပြီး သီချင်းလုပ်ဆိုနေမယ် ဆိုရင် ဘယ်သူမှာတော့ လက်ခံနိုင်မှာမဟုတ်ပါဘူး။ ကျနော့် အဖေနဲ့အမေအတွက် အရာအားလုံး လုပ်ဆောင်ရပါလိမ့်မယ်။ ဒီနှစ်ရာသီမှာ အာဆင်နယ်အသင်း အကောင်းဆုံးတွေစွမ်းဆောင်နိုင်ပါစေလို့ အာဆင်နယ်ပရိသတ်တွေအတွက် ဆုတောင်းပေးလိုက်ပါတယ်”လို့ ပြောပါတယ်။
အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ တိုက်စစ်မှူးဟောင်း အဒီဘာယောဟာ အာဆင်နယ်မှာ ၂၀၀၅ ကနေ ၂၀၀၉ ခုနှစ်အထိကစားခဲ့ပြီး စုစုပေါင်း ၁၃၂ ပွဲမှာ ၅၅ ဂိုးသွင်းပေးခဲ့ပါတယ်။
Photo-Reuters










