DVB Logo
Home
မြန်မာသတင်း
ငမိုးရိပ်ရေလှောင်တမံ ‌ရေကျော်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ရေကြီး
DVB
·
October 16, 2023
ငမိုးရိပ်ရေလှောင်တမံ ‌ရေကျော်ပြီး ဒဂုံမြို့သစ်(အရှေ့ပိုင်း)တွင် ရေကြီး
1 / 3
Donate to DVB

ရန်ကုန်တိုင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှာ မိုးသည်းထန်စွာရွာသွန်းပြီး ငမိုးရိပ်ရေလှောင်တမံ‌ ရေပိုလွဲမှာ ရေကျော်တာကြောင့် ရေကြီးရေလျှံမှု‌နေပြီး အကူအညီတွေလည်း လိုအပ်နေတယ်လို့ ဒေသခံ ပရဟိတသမားတွေက ပြောပါတယ်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မှာရှိတဲ့ ၁၁၈ ရပ်ကွက်နဲ့ ၁၁၉ ရပ်ကွက် အပါအဝင် ၁၂၅၊ ၁၃၈၊ ၁၅၅၊ ၁၅၆ ရပ်ကွက်တွေမှာ အောက်တိုဘာ ၇ ရက်နေ့တည်းက ရေကြီးရေလျှံနေလို့ အခုအချိန်ထိ ရေမကျသေးဘဲ လူ ၅၀၀ နီးပါး ရေဘေးရှောင်နေရပါတယ်။

နေသူရိန် လူမှုကူညီရေး တာဝန်ရှိသူတဦးက “ရေဘေးရှောင်တွေက တော်တော်များတယ်။ ရေတက်တာက တပတ်ကျော်လောက်ရှိပြီဖြစ်တော့ အခြေခံလူတန်းစားကလည်းများတော့ အခက်အခဲတွေက အများကြီးရှိကြတယ်။ တနိုင်ငံလုံး နေရာအနှံ့ ရေကြီးနေတယ်ဆိုတော့ ဒီဘက်က အကူအညီ သိပ်မရကြဘူး။ တချို့ ရေဘေးရှောင်တွေကျတော့ နီးစပ်ရာတွေမှာ လိုက်နေကြသလို မြသိန်းတန်ဘုန်းကြီးကျောင်းမှာလည်း နေကြတယ်။ အကူအညီတွေကတော့ ရေသန့်နဲ့ စားစရာ အဓိကလိုအပ်ပါတယ်။ ဒီဘက်ကိုလှူတာတော့ ကျနော်တို့ ပထမဆုံးပဲ၊ ဘယ်သူမှ လာမလှူသေးဘူး” လို့ ပြောပါတယ်။

ဒဂုံမြို့သစ်(အရှေ့ပိုင်း) နေထိုင်သူအများစုမှာ စက်ရုံဝန်ထမ်းတွေဖြစ်ပြီး ရေကြီးနေတာကြောင့် အများစုမှာ အလုပ်မဆင်းနိုင်ဘဲ စားရေးသောက်ရေး ခက်ခဲနေတယ်လို့ ၁၁၉ ရပ်ကွက်မှာ နေထိုင်သူတဦးက ပြောပါတယ်။

“ရေက တချို့နေရာမှာ ပေါင်လောက်ရှိသလို တချို့နေရာမှာ ဒူးလောက်ရှိတယ်။ ရေက တက်တာကြာနေပြီး မိုးမရွာတာနဲ့ ၃ ရက်လောက်ရှိတော့မယ်။ ဘာလို့မကျတာလဲတော့ ကျနော်တို့လည်း သေချာမသိဘူး။ ဒီကသူတွေ အကုန်လုံးက စက်ရုံဝန်ထမ်းတွေချည်းပဲဆိုတော့ အခက်အခဲက အများကြီးရှိပါတယ်။ အများစုက အိမ်ကို စိတ်မချတာနဲ့ သွားလာရတာ မလွယ်ကူတာကြောင့် အလုပ်မဆင်းနိုင်ကြပါဘူး။”

ဒီနေ့ ငမိုးရိပ်ရေလှောင်တမံ ရေမှတ်မှာ ၁၁၀ ဒသမ ၉၀ ရှိပြီး ရေပိုလွှဲမှ ၃ ဒသမ ၉၀ အထိ ရေကျော်နေပါတယ်။

ငမိုးရိပ်ရေလှောင်တမံနဲ့ ဖူးကြီးရေလှောင်တမံ ရေကျော်တာကြောင့် လှည်းကူးနဲ့ မှော်ဘီ‌မှာ ရေကြီးရေလျှံမှုတွေရှိပြီး ရေဘေးရှောင်ရသူတွေလည်း‌ ရှိနေပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013