DVB Logo
Home
နိုင်ငံတကာ
အစ္စရေးတွင် သေဆုံးသူ ထိုင်းနိုင်ငံသား ၂၉ ဦးထိရှိလာ၊ ၃၀၀ ကျော် နေရပ်ပြန်ရောက်ရှိ 
DVB
·
October 16, 2023
အစ္စရေးတွင် သေဆုံးသူ ထိုင်းနိုင်ငံသား ၂၉ ဦးထိရှိလာ၊ ၃၀၀ ကျော် နေရပ်ပြန်ရောက်ရှိ 
Donate to DVB

 

အရှေ့အလယ်ပိုင်းဒေသ အစ္စရေးနိုင်ငံမှာ ဟားမတ်စ်အဖွဲ့ရဲ့ အလစ်ဝင်တိုက်ခိုက်မှုခံရပြီး နှစ်ဘက် အပြန်အလှန်ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း သေဆုံးဒဏ်ရာရသူ ထောင်နဲ့ ချီရှိနေပြီး အဲဒီထဲမှာ ထိုင်းနိုင်ငံသား ၂၉ ဦးပါဝင်တယ်လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။

အောက်တိုဘာ ၁၅ ရက် မနေ့ညအထိ သေဆုံးသူ ၂၈ ဦး၊ ထိခိုက်ဒဏ်ရာရသူ ၁၆ ဦး နဲ့ ဓားစာခံ အဖြစ် ဖမ်းဆီးခံထားရသူ ၁၇ ဦး စာရင်းရှိပေမယ့် ဒီကနေ့တော့ သေဆုံးသူ နောက်ထပ် ၁ ဦး တိုးလာပြီး စုစုပေါင်း ၂၉ ဦး သေဆုံးသွားပြီလို့ ဝန်ကြီးချုပ် ဆေထာထဝီးဆင်က သတင်းထောက်တွေကို ပြောပါတယ်။

လက်ရှိ အစ္စရေးနဲ့ ပါလက်စတိုင်း တိုက်ပွဲအခြေအနေဟာ လျော့ပါးသွားတာမရှိဘဲ ပိုပြီးစိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း၊ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ အကြောင်းကြားချက်အရ တိုက်ပွဲမှာ ပိတ်မိပြီး သေဆုံးရသူနောက်ထပ်ထိုင်း ၁ ဦး တိုးလာတာကြောင့် သေဆုံးသူ ၂၉ ဦးရှိသွားပြီး ဒါကြောင့် အစ္စရေးမှာ ကျန်နေတဲ့သူတွေအနေနဲ့ ပထမဆုံး မိမိကိုယ်ကိုယ် ဂရုစိုက်ပါ၊ ကိုယ့်လုံခြုံရေး ကိုယ် သတိနဲ့နေပါ လို့ပြောပါတယ်။

“အိမ်ပြန်ချင်တဲ့သူတွေလည်း ထပ်ပြီးတိုးလာတယ်၊ သူတို့အားလုံးကို ဒီအောက်တိုဘာလကုန်တွင်း အားလုံးကို ပြန်ခေါ်နိုင်အောင် ကြိုးစားနေတယ်။ လေယာဉ်ပျံတွေ ထပ်ရှာနေတယ်။ စာရင်းပေးထားပြီး တကယ်ပြန်မယ့်အချိန် ရောက်မလာနိုင်သူတွေလည်း ရှိတယ်။ တချို့က ဆက်သွယ်မရတော့ဘူး၊ တချို့က တိုက်ပွဲကြားမှာ ပိတ်မိနေတယ်၊ ထွက်လာလို့ မရဘူး၊ တချို့က သူတို့ အလုပ်ရှင်တွေ ခွင့်မပြုဘဲ ပဋိပက္ခဖြစ်နေတဲ့ကြားမှာ အလုပ်ဆင်းခိုင်းတာ ရှိတယ်၊ ဒါမျိုး လက်မခံနိုင်ဘူး၊ တာဝန်ရှိသူတွေကနေ ဖြေရှင်းရမယ်”လို့ ထိုင်းဝန်ကြီးချုပ်က ပြောပါတယ်။ 

အစ္စရေးနိုင်ငံက ထိုင်းနိုင်ငံသားတွေအနေနဲ့ ကိုယ့်အစီအစဉ်နဲ့ကိုယ်၊ ကိုယ့်စရိတ်နဲ့ကိုယ် ပြန်လာတာရှိသလို အစိုးရအစီအစဉ်နဲ့ ပြန်လာတဲ့သူတွေလည်း ရှိပါတယ်။ ဒီကနေ့မှာ ထိုင်းလေတပ်လေယာဉ်ပျံနဲ့ သွားကြိုလာသူ အမျိုးသား ၁၂၇ ဦး၊ အမျိုးသမီး ၂ ဦး၊ ကလေး ၁ ဦး စုစုပေါင်း ၃၀ ဖြစ်ပြီး အားလုံးကို ကိုယ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးစစ်ဆေးဖို့ စီစဉ်ထားတဲ့စခန်းမှာ ထားရှိတယ်လို့ ဆိုပါတယ်။ 

ထိုင်းအစိုးရအစီအစဉ်နဲ့  သွားကြိုရာမှာ ကနေ့ပါဆိုရင် ၄ သုတ်ရှိပြီး ပြန်လာသူပေါင်း ၃၁၈ ဦးသာ ရှိပါသေးတယ်။ အစ္စရေးမှာ ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားပေါင်း ၃၀၀၀၀ ကျော်ရှိတဲ့ထဲ အမိမြေ ပြန်လာဖို့ စာရင်းပေးထားသူ ၇၀၀၀ ကျော်ရှိပြီး ပြန်လာမယ့်သူစာရင်းက တရိပ်ရပ် တိုးနေဆဲဘဲလို့  သတင်းမှာ ဖော်ပြပါတယ်။ 

အောက်တိုဘာလကုန်ထိ လေကြောင်းလိုင်း ၃၂ ကြောင်းနဲ့ အားလုံးကို ကြိုဆိုနိုင်ဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ ကာကွယ်ရေးဝန်ကြီး နိုင်းဆူထင်းခန်းဆိုင်က ကနေ့မနက် ပြန်ရောက်သူတွေကို ကြိုဆိုတဲ့ အမှာစကားမှာ ထည့်သွင်းပြောကြားပါတယ်။ 

အစ္စရေး- ဟားမတ်စ် အရေးအခင်းမှာ သေဆုံးခဲ့ရသူတွေအတွက် အစ္စရေးအစိုးရက နစ်နာကြေး ၁ ဦးလျှင် ဘတ် ၁၄၄၀,၀၀၀ ပေးမယ့်အပြင် ကျန်ရစ်သူ ဇနီးအတွက် (နောက်အိမ်ထောင် မပြုမချင်း) ၁ လ ဘတ် ၃၅,၀၀၀ ထောက်ပံ့မှာဖြစ်သလို သားသမီး ၁ ဦးလျှင် ဘတ် ၁ သောင်းစီ (အသက် ၁၈ နှစ်ထိ) ထောက်ပံ့ပေးမယ်လို့  ကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။ 

အဆိုပါအလုပ်သမားဟာ ထိုင်းလူမှုဖူလုံရေးရန်ပုံငွေထဲ ပါဝင်ပါက နစ်နာကြေး ဘတ် ၄၀၀၀၀၊ အသုဘ စရိတ် ၄၀၀၀၀ နဲ့ တခြားထောက်ပံ့ကြေး ဘတ် ၁၅၀၀၀ ရရှိမှာဖြစ်တယ်လို့ ဆိုပါတယ်။

SOURCE: ThaiPost/ThaiPBS

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013