DVB Logo
Home
မြန်မာသတင်း
ကိုရီးယားဘာသာအထူးသီးသန့်စာမေးပွဲတွင် ဖြေဆိုသူအများစု အောင်မြင်
DVB
·
October 16, 2023
ကိုရီးယားဘာသာအထူးသီးသန့်စာမေးပွဲတွင် ဖြေဆိုသူအများစု အောင်မြင်
1 / 2
Donate to DVB

ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲ (Special EPS-Topik) မှာ ဝင်ရောက်ဖြေဆိုသူ ၉၀ ရာခိုင်နှုန်းနီးပါး အောင်မြင်ခဲ့တယ်လို့ အစိုးရ ပြည်ပအလုပ်အကိုင်အေဂျင်စီ (POEA) က ထုတ်ပြန်ပါတယ်။

အဲဒီစာမေးပွဲမှာ ဝင်ရောက်ဖြေဆိုခွင့် လျှောက်ထားသူ ၁,၇၀၀ နီးပါးရှိပြီး အောင်မြင်သူ ၁,၄၉၅ ဦး ရှိခဲ့တာလို့ POEA က အောက်တိုဘာ ၁၆ ရက် ဒီနေ့ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကိုရီးယားဘာသာသင်တန်း နည်းပြတဦးက “ကိုရီးယား အလုပ်အကိုင်စာမေးပွဲတွေထဲမှာ အောင်ချက်အကောင်းဆုံးလို့ ပြောလို့ရတယ်။ တဖက်က ခေါ်ယူမယ့်နှုန်းများလို့ အောင်ချက်မြှင့်ပေးတာလို့ ယူဆရတယ်” လို့ ပြောပါတယ်။

အဲဒီစာမေးပွဲကို အောက်တိုဘာ ၄ ရက်က စတင်ကျင်းပခဲ့ပြီး ဒီနေ့မှာ အောင်မြင်သူစာရင်းကို POEA က ထုတ်ပြန်ထားတာလည်း ဖြစ်ပါတယ်။

ကိုရီးယားဘာသာ အရည်အချင်းစစ် အထူးသီးသန့်စာမေးပွဲဟာ တောင်ကိုရီးယားနိုင်ငံမှာ သုံးနှစ်အထက် နေထိုင်လုပ်ကိုင်ခဲ့ဖူးပြီး မြန်မာနိုင်ငံ ပြန်လည်ရောက်ရှိနေတဲ့ အလုပ်သမားဟောင်းတွေအတွက် ရည်ရွယ်ပြုလုပ်တာဖြစ်တယ်လို့ POEA က ကနဦး ထုတ်ပြန်ထားပါတယ်။

Special EPS-TOPIK စာမေးပွဲ ဝင်ရောက်ဖြေဆိုမယ့်သူတွေအနေနဲ့ အသက် ၁၈ နှစ်ကနေ ၃၉ နှစ်အတွင်း ရှိရမှာဖြစ်ပြီး တောင်ကိုရီးယားနိုင်ငံမှာ E-9၊ E-10 ဗီဇာနဲ့ ၅ နှစ်အထက် နေထိုင်ဖူးသူ ဖြစ်ရမှာဖြစ်ပြီး ထောင်ဒဏ်ပြစ်ဒဏ်ကျဖူးပြီး မြန်မာနိုင်ငံက ပြည်ပထွက်ခွာခွင့် တားမြစ်ခံရသူ၊ တဖက်နိုင်ငံက နှင်ထုတ်ခံထားရဖူးသူတွေကိုတော့ ဖြေဆိုခွင့် မပေးခဲ့ပါဘူး။

အဲဒီစာမေးပွဲကို ဝင်ရောက်ဖြေဆိုခွင့်ရှိသူ ၁၅,၀၀၀ ကျော်ရှိပေမဲ့ အမှန်တကယ် ဖြေဆိုခွင့်လျှောက်ထားသူ ၁,၇၀၀ နီးပါးပဲ ရှိခဲ့တာ ဖြစ်ပါတယ်။

တောင်ကိုရီးယားမှ ပြန်ရောက်လာတဲ့ အလုပ်သမားတဦးက “တချို့က အသက်အရွယ်အရရော၊ တခြားလုပ်ငန်း အခြေကျနေပြီဖြစ်တာကြောင့် ဝင်မဖြေတော့ဘူး” လို့ ပြောပါတယ်။

စာမေးပွဲအောင်မြင်သူတွေအနေနဲ့ တောင်ကိုရီးယားနိုင်ငံဆီ တကြော့ပြန် သွားရောက်လုပ်ကိုင်နိုင်မှာဖြစ်ပေမဲ့ အောင်တဲ့သူအားလုံး သွားရမယ်လို့ အာမမခံကြောင်း POEA က အသိပေးထားပါတယ်။

လက်ရှိ တောင်ကိုရီးယားနိုင်ငံမှာ EPS စနစ်နဲ့ မြန်မာလုပ်သား ၅၀,၀၀၀ နီးပါး ရောက်ရှိ လုပ်ကိုင်နေတယ်လို့ အဲဒီနိုင်ငံက အလုပ်သမားအရေး လှုပ်ရှားသူတွေက ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013