DVB Logo
Home
နိုင်ငံတကာ
ယူကရိန်းတန်ပြန်ထိုးစစ် မအောင်မြင်ဟု သမ္မတပူတင်ပြော
DVB
·
October 16, 2023
ယူကရိန်းတန်ပြန်ထိုးစစ် မအောင်မြင်ဟု သမ္မတပူတင်ပြော
Donate to DVB

ဒီနှစ် ယူကရိန်းရဲ့ တန်ပြန်ထိုးစစ် မအောင်မြင်ဘဲ ရုရှားတပ်ဖွဲ့တွေဟာ ယူကရိန်းနိုင်ငံထဲက ရှေ့တန်းတခုလုံးမှာ သူတို့ရဲ့ တပ်စခန်း ခြေကုပ်တွေကို ပိုတိုးပြီး နေရာယူထားပြီးပြီလို့ ရုရှားသမ္မတ ဗလာဒီမာပူတင်က ပြောလိုက်ပါတယ်။

ရပ်တန့်နေတယ်လို့ပြောတဲ့ တန်ပြန်ထိုးစစ်က လုံးဝကျရှုံးခဲ့ပါပြီလို့ ရုရှားသမ္မတပူတင်က ပြောထားတဲ့ ရုပ်သံအမှာစကားကို ရုရှားသမ္မတနန်းတော် ကရင်မလင်က သတင်းထောက် ပါဗယ်လ် ဇာရူဘင်က အောက်တိုဘာ ၁၅ ရက်မှာ လူမှုကွန်ရက် မီဒီယာပေါ် တင်ခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်း အဗ်ဒီးခါမြို့တိုက်ပွဲနဲ့ ပတ်သက်ပြီး မေးချိန်မှာ ဆန့်ကျင်ဘက်က တက်ကြွတဲ့ ထိုးစစ်အသစ်တွေကို ပြင်ဆင်နေပါတယ်။

“အဲဒါကို ကျနော်တို့ မြင်ပြီး သိလည်း သိပါတယ်” လို့ ပူတင်က ပြောပါတယ်။

အဗ်ဒီးခါမြို့ အနီးတဝိုက်မှာ တိုက်ပွဲတွေ အရှိန်မြှင့်လာတာကို ရုရှားထိုးစစ်အသစ်တခုအဖြစ် ရုရှားနဲ့ အမေရိကန်တို့က ဖော်ပြခဲ့ပါတယ်။ ထိတွေ့မှုမျဉ်းကြောင်းတလျှောက်မှာ အခုဖြစ်ပျက်နေတာတွေကို ‘တက်ကြွတဲ့ကာကွယ်ရေး’ လို့ ခေါ်ပါတယ်လို့လည်း ပူတင်က ပြောပါတယ်။

ရုရှားတပ်တွေက တော်တော်ကြီးတဲ့ ဧရိယာတခုလုံးနီးပါးမှာ သူတို့ရဲ့ ခြေကုပ်တပ်စခန်း အခြေအနေကို မြှင့်တင်နေတယ်လို့လည်း ပူတင်က ပြောပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013