DVB Logo
Home
မြန်မာသတင်း
တရုတ်နယ်စပ်တွင် မြန်မာ့ဖရဲ အဝယ်နည်းပြီး ဈေးကောင်းမရဖြစ်နေ
DVB
·
October 16, 2023
တရုတ်နယ်စပ်တွင် မြန်မာ့ဖရဲ အဝယ်နည်းပြီး ဈေးကောင်းမရဖြစ်နေ
Donate to DVB

တရုတ်ဖရဲရာသီ ရောက်ရှိလာတာကြောင့် မြန်မာနိုင်ငံရဲ့ အရှေ့မြောက်စီးပွားရေးဂိတ်တခု ဖြစ်တဲ့ မူဆယ်‌ ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ မြန်မာဖရဲကားတွေ အဝင်နည်းနေပြီး ဈေးကောင်းလည်း မရရှိဘူးလို့ သစ်သီးပို့ကုန်လုပ်ငန်းရှင်တွေထံက သိရပါတယ်။

တရုတ်ဘက်ကို တင်ပို့နေတဲ့ မြန်မာဖရဲသီးတွေဟာ တတန်ကို တရုတ်ယွမ် ၁,၀၀၀ မှ ၁,၂၀၀ အထိသာ ရရှိနေပြီး အရင်နှစ်တွေက တတန်ကို တရုတ်ယွမ် ၂,၀၀၀ မှ ၃,၀၀၀ အထိ ရရှိခဲ့ပါတယ်။

မူဆယ် ၁၀၅ မိုင် ကုန်စည်ဒိုင်တာဝန်ခံ ဒေါ်ရီရီခိုင်က “တရုတ်ဘက်က ဖရဲအကြားအသီး ထွက်တဲ့ရာသီဖြစ်တော့ ဒီဘက်က ဈေးကောင်းမရဘူးဖြစ်နေတယ်။ သူတို့ကလည်း သူတို့အသီးကိုပဲ ဦးစားပေးကြတော့ မြန်မာအသီးက အဝယ်နည်းသွားတယ်။ နောက်ပြီး လတ်ဆတ်မှုလည်း ကွာသေးတယ်။ မြန်မာအသီးကြတော့ လမ်းခရီးကြန့်ကြာမှုတွေကလည်း ဟိုရောက်ရင် သိပ်မလတ်ဆတ်တော့ဘူး။ အဓိကကတော့ သူတို့ဘက်ကထွက်၊ ကိုယ့်ဘက်ကလည်း အသီးမလှိုင်သေးတော့ ဝယ်မယ့်တရုတ်ကုန်သည်တွေ နည်းနေတာ။ နောက်ပြီး ဒီဈေးနဲ့က ကားသမားတွေက လမ်းစရိတ်ပဲပြန်‌ရတော့ တက်တာနည်းသွားတယ်” လို့ ပြောပါတယ်။

လက်ရှိအချိန်မှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကို ကျောက်စိမ်းဖရဲကားတွေ တနေ့ကို တစီးသား အဝင်ရှိနေပြီး အရင်က တနေ့ကို ကား ၁၀ စီးထက်မနည်း အရောင်းအဝယ် ရှိခဲ့တယ်လို့ သူက ဆက်ပြောပါတယ်။

နယ်စပ်ကို ဖရဲတင်ပို့တဲ့စရိတ်က များပြားပြီး ဈေးကောင်းမရတာကြောင့် ကုန်သည်တွေ အရှုံးပေါ်နေတယ်လို့ ဖရဲကုန်သည်တဦးက ပြောပါတယ်။

“တတန်ကို ယွမ် ၁,၀၀၀ ဆိုတာ သယ်ယူစရိတ်ပဲရှိတာ။ ကားတစီးကို ၁၅ တန်ပါတယ်။ ပယ်သီး ၁ တန် ဖယ်လိုက်ရင် ၁၄ တန်ကျန်မယ်။ ၁ တန်ကို ယွမ် ၁,၀၀၀ အများဆုံးမှ ၁,၂၀၀ လောက်ပဲရတာ။ ကားတစီးဆိုရင် သိန်း ၇၀ လောက်ပဲရတာ။ နယ်စပ်ရောက်တဲ့အထိ စရိတ်ကပဲ သိန်း ၇၀ လောက် ပြန်ကုန်နေတော့ ဖရဲဖိုးလည်းရှုံး၊ လူလည်းပင်ပန်းတာပဲ အဖတ်တင်တယ်။ တော်တော်များများတော့ ခဏနားထားကြပါတယ်။ တချို့တွေထင်နေတာက ဖရဲတောင်သူတွေရှုံးပြီး ကုန်သည်တွေပဲ မြတ်နေတယ်ဆိုတာ အဲ့ဒါအမှားကြီးပါ။ တောင်သူတွေထက်တောင် ကျနော်တို့က ပိုရှုံးနေတာ။”

၂၀၂၃ ဇန်နဝါရီမှ ဩဂုတ်အထိ တရုတ်နိုင်ငံကို ဖရဲတန်ချိန် ၁၁၀,၀၀၀ ကျော် တင်ပို့ခဲ့တယ်လို့ နယ်စပ်ကုန်သွယ်ရေး အချက်အလက်တွေအရ သိရပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၂ ဖေဖော်ဝါရီမှာ တရုတ်နိုင်ငံက ကိုဗစ်-၁၉ ကို အကြောင်းပြပြီး နယ်စပ်ကုန်သွယ်ရေး ပိတ်လိုက်တာ​ကြောင့် ဖရဲသီးတွေ ပျက်စီးပြီး မြန်မာဖရဲသီး ကုန်သည်တွေ အများအပြား ဆုံးရှုံးနစ်နာခဲ့ရပါတယ်။

စိုက်ပျိုးရေးဦးစီးဌာနရဲ့ စာရင်းတွေအရ ၂၀၁၉-၂၀ ဘဏ္ဍာနှစ်မှာ စုစုပေါင်း ဖရဲသီးစိုက်ဧက ၆၃,၈၈၅ ရှိပြီး စုစုပေါင်းအထွက်နှုန်းကတော့ တန်ချိန် ၁,၂၆၉,၄၇၉ လောက် ထွက်ရှိပါတယ်။

မြန်မာပြည်မှာ ဖရဲသီးကို မန္တလေး၊ မြင်းခြံ၊ ဝမ်းတွင်း၊ ကျိုက်ထို၊ ဘီးလင်းနဲ့ ချောင်းဦးမြို့နယ်တို့မှာ အဓိက စိုက်ပျိုးပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013