DVB Logo
Home
မြန်မာသတင်း
ရေဖြူတွင် စစ်တပ်စစ်​ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရသည့် အမျိုးသမီးအလောင်း ပြန်တွေ့
DVB
·
October 16, 2023
ရေဖြူတွင် စစ်တပ်စစ်​ကြောင်းနှင့်အတူ ဖမ်းခေါ်ခံရသည့် အမျိုးသမီးအလောင်း ပြန်တွေ့
Donate to DVB

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ ဝက်ချောင်းရွာ ကားလမ်းမနံဘေးမှာ အောက်တိုဘာလ ၁၄ ရက်က အသက် ၁၈ နှစ်ဝန်းကျင် အရွယ်ရှိ အမျိုးသမီးငယ်တဦး ဦးခေါင်းသေနတ်မှန် ဒဏ်ရာတွေနဲ့ လဲကျသေဆုံးနေတာကို တွေ့ခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးနေတဲ့အမျိုးသမီးဟာ ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းက စစ်ကောင်စီစစ်ကြောင်း နဲ့အတူ ဖမ်းဆီးခေါ်ဆောင်ခံနေရတဲ့ ခမောင်းချောင်းရွာက မစန္ဒာခိုင်ဖြစ်တယ်လို့ ခမောင်းချောင်း  ရွာသားတွေက အတည်ပြုပါတယ်။

"စစ်တပ်စစ်ကြောင်းက ထွက်သွားပြီ။ ဒါပေမဲ့ စစ်ကြောင်းမရှိတဲ့အချိန်မှ အလောင်းပြန်တွေ့တယ်။ အဲမိန်းကလေးက ဖမ်းခံရပြီးနောက်ပိုင်း စစ်ကြောင်းနဲ့တောက်လျှောက်လိုက်နေရတာပေါ့။ အလောင်းပြန်တွေ့တဲ့အချိန်မှာ ပုံတွေမြင်ရတာက လည်ပင်းမှာ လုံချည်ကွင်းစွပ်ပြီး ခေါင်းက သေနတ်ပစ်ခံရလို့ ပွင့်ထွက်နေတာ" လို့ ဒေသခံတဦးက ပြောပါတယ်။

စက်တင်ဘာလ နောက်ဆုံးအပတ်မှာ ရေဖြူအနောက်ဘက်ကမ်းကိုဝင်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ မစန္ဒာခိုင်အပါအဝင် အမျိုးသမီး ၃ ဦးနဲ့ PDF ရဲဘော်သားအဖကို ဖမ်းခေါ်ပြီး လမ်းပြလူသားဒိုင်းအဖြ စ်ပြုလုပ်ခဲ့တယ်လို့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေဆီက သိရပါတယ်။

ဖမ်းခေါ်ခံခဲ့ရတဲ့ တနင်္သာရီတိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ TPDF က ရဲဘော်သားငယ် နဲ့  ဖခင်ဖြစ်သူဟာလည်း အောက်တိုဘာ ၆ ရက်က အလောင်းပြန်တွေ့ခဲ့တာကြောင့် အသတ်ခံလိုက်ရတယ်လို့ TPDF အဖွဲ့က အတည်ပြုထုတ်ပြန်ထားပါတယ်။

အောက်တိုဘာ ဒုတိယအပတ်မှာလည်း ရေဖြူအနောက်ဘက်ကမ်းကို စစ်ကောင်စီစစ်ကြောင်း တဖန်ပြန်ဝင်လာပြီး ရလိုင်ရွာနဲ့ပုဂေါဇွန်းရွာသား ၃၀ နီးပါးကို ၂ ရက်ကြာ လူသားဒိုင်းအဖြစ်ဖမ်းခေါ်ပြီး လောင်းလုံးမြို့နယ်ကို စစ်ကောင်စီစစ်ကြောင်းရောက်ချိန်မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။

ရေဖြူမြို့နယ်၊ ဇီးကျရွာအနီးမှာ ထင်းခုတ်ထွက်လာတဲ့ ထားဝယ်အကျဥ်းထောင်က ဝန်ထမ်း ၂ ဦး ပြီးခဲ့တဲ့ စက်တင်ဘာ ၃၀ ရက်က အသတ်ခံရပြီးနောက် ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ကျေးရွာအုပ်စုကို စစ်ကြောင်းထိုးလာတဲ့ စစ်တပ်က ရွာသား ၃ ဦးကို ဖမ်းဆီးပြီး ၉ ရက်အကြာ ထားဝယ်မြစ်ထဲမှာ အဆိုပါ ၃ ဦးထဲမှ တဦးရဲ့ အလောင်းပြန်ပေါ်လာခဲ့ပါတယ်။ ကျန် ၂ ဦးမှာလည်း ဒီနေ့အထိ မိသားစု နဲ့ အဆက်သွယ်မရဘဲ ပျောက်နေဆဲဖြစ်ပါတယ်။

တနင်္သာရီတိုင်းမှာ စစ်တိုင်းမှူးနဲ့ နယ်လုံဝန်ကြီး စတဲ့ စစ်ဘက်ဆိုင်ရာ အကြီးအကဲအချို့ အပြောင်းအလဲဖြစ်ပြီးနောက် စက်တင်ဘာလအတွင်း ထားဝယ်ခရိုင်တခုထဲမှာ PDF စခန်း ၃ ခုထက်မနည်း အသိမ်းခံရပြီး အောက်တိုဘာလမှာလည်း လဆန်းပိုင်းကတည်းကစပြီး ခရိုင်အတွင်းရှိ လေးမြို့နယ်စလုံးကို နယ်မြေရှင်းလင်းရေးခေါင်းစဥ်နဲ့ စစ်ကြောင်းထိုးနေတာလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013