DVB Logo
Home
နိုင်ငံတကာ
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင်  အစ္စရေးဘက်က ၁၄၀၀ ကျော် သေဆုံး
DVB
·
October 16, 2023
အစ္စရေး-ပါလက်စတိုင်းပဋိပက္ခတွင်  အစ္စရေးဘက်က ၁၄၀၀ ကျော် သေဆုံး
Donate to DVB

အစ္စရေး-ပါလက်စတိုင်း ပဋိပက္ခအတွင်း အစ္စရေးဘက်က သေဆုံးသူဦးရေ အယောက် ၁၄၀၀ ကျော်ပြီလို့ အစ္စရေး ကာကွယ်ရေးတပ်ဖွဲ့ IDF ကို ကိုးကားပြီး CNN သတင်းဌာနက အောက်တိုဘာ ၁၆ ရက် မနက်အစောပိုင်းမှာ ပြောပါတယ်။

အစ္စရေးရဲ့ လက်တုံ့ပြန် တိုက်ခိုက်မှုကြောင့် ဂါဇာဘက်မှာ သေဆုံးသူ ၂၄၅၀ ဦး ရှိပြီး လူအယောက် ၉၂၀၀ ဒဏ်ရာရခဲ့တယ်လို့ ဂါဇာအခြေစိုက် ပါလက်စတိုင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောပါတယ်။

အစ္စရေးနယ်စပ်နားက နိရင်းမ် ခစ်ဘတ်ဇ်ဒေသအတွင်း တိုက်ခိုက်မှုတွေကို ဦးဆောင်ခဲ့တယ်လို့ စွပ်စွဲခံထားရတဲ့ ဟားမတ်စ်တပ်မှူး ဘီလယ်လ် အယ်လ်ကေဒရာကို သတ်လိုက်ပြီလို့ IDF ရဲ့ ပြောရေး ဆိုခွင့် ရှိသူက CNN သတင်းဌာနကို အောက်တိုဘာ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။

ဒါက ဟားမတ်စ်ရဲ့ ခေါင်းဆောင်မှုကို ဖယ်ရှားဖို့ ထောက်လှမ်းရေး ရှိတယ်ဆိုတာ ဥပမာပြ လိုက်တာပဲ စစ်ဆင်ရေးတွေ ဆက်လုပ်နေတယ်လို့ ဗိုလ်မှူးကြီး ပီတာ လန်နာက ပြောပါတယ်။

နိရင်းခစ်ဘတ်ဇ် အစုလိုက် လူသတ်ပွဲအတွက် တာဝန်ရှိတဲ့ ခန်းယွန်းနစ်စ်တောင်ပိုင်းက တပ်တွေရဲ့ နုခ်ဘာ တပ်မှူးကို IDF နဲ့ အစ္စရေး လုံခြုံရေး အာဏာပိုင်အဖွဲ့ (ISA) တို့က သတ်လိုက်ပြီလို့ အခိုင်အမာ ပြောထားတဲ့အကြောင်းကို အစ္စရေး လေတပ်က အောက်တိုဘာ ၁၅ရက်မှာ X လူမှုကွန်ရက် မီဒီယာပေါ်ကနေ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ ဒီကြေညာချက်ကို ဟားမတ်စ်တွေက မှတ်ချက်မပေးသေးပါဘူး။ 

အစ္စရေးစစ်တပ်ဟာ ဂါဇာကမ်းမြောင်ဒေသနားမှာ တင့်ကားတွေနဲ့ စစ်သားတွေ စုဝေးနေတဲ့ ဗီဒီယိုဖိုင်ကို အောက်တိုဘာ ၁၄ ရက်က ထုတ်ပြန်ခဲ့ပြီး ဂါဇာကမ်းမြောင်ဒေသမှာ ဟားမတ်စ် တို့ကို တိုက်ခိုက်ဖို့ အဆင်သင့်ဖြစ်နေပြီလို့ ပြောခဲ့ပါတယ်။

အစ္စရေးကာကွယ်ရေးတပ်ဖွဲ့ (IDF) က တပ်ရင်းတွေနဲ့ စစ်သားတွေကို နိုင်ငံအနှံ့ တပ်ဖြန့်ချထား တယ်၊ သိသာထင်ရှားတဲ့ မြေပြင်စစ်ဆင်ရေးတွေကို အလေးပေးခြင်း အားဖြင့် စစ်ပွဲရဲ့ နောက်ထပ် အဆင့်တွေအတွက် စစ်ဆင်ရေးဆိုင်ရာ အဆင်သင့်ဖြစ်မှုကို တိုးမြှင့်ထားတယ်လို့  IDF ရဲ့ ၀က်ဘ်ဆိုက်မှာ ပြောထားပါတယ်။

ပြီးခဲ့တဲ့အပတ်က အစ္စရေးမြို့တွေ ရွာတွေကို ဖြတ်ကျော် ဝင်ရောက်ခဲ့တဲ့ ဟားမတ်စ်တိုက်ခိုက်ရေး သမားတွေက လူပေါင်း ၁၃၀၀ လောက်ကို သတ်ဖြတ်မှုအတွက် အစ္စရေးက လက်တုံ့ပြန်ခဲ့ပါတယ်။

ပါလက်စတိုင်း ၂ ဒသမ ၃ သန်းနေထိုင်ရာ ဂါဇာကမ်းမြောင် နယ်မြေကို အစ္စရေးဂျက်လေယာဉ် တွေနဲ့  အမြောက်တပ်တွေက ဒေသတွင်း မြင်ဖူးသမျှ အပြင်းထန်ဆုံး ဗုံးကြဲ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။

အစ္စရေးအမျိုးသား လုံခြုံရေးအကြံပေးက လက်ဘနွန်အခြေစိုက် ဟဇ်ဘိုလာအဖွဲ့ကို ဒုတိယ မျက်နှာစာမှာ စစ်ပွဲမစဖို့ သတိပေးခဲ့ပြီး တကယ်လို့ စစ်ပွဲ ဆင်နွှဲခဲ့ရင် လက်ဘနွန်ကို ဖျက်ဆီးပစ်မယ် လို့ ခြိမ်းခြောက်ခဲ့ပါတယ်။

ဂါဇာမှာ ဖမ်းဆီးခံထားရတဲ့ ဓားစာခံအရေအတွက်မှာ ၁၂၆ ဦးဖြစ်တယ်လို့ IDFက အတည် ပြုခဲ့ပါတယ်။ 

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013