DVB Logo
Home
Lead Story
ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းပြား ရန်ကုန်မြို့တော် ခန်းမရှေ့တွင် တင်ဆင်
DVB
·
August 9, 2014
ရှေးဟောင်းအဆောက်အအုံ ကမ္ပည်းပြား ရန်ကုန်မြို့တော် ခန်းမရှေ့တွင် တင်ဆင်
1 / 6
Donate to DVB

ရန်ကုန်မြို့ရဲ့ ပထမဆုံး အပြာရောင် ကမ္ပည်းပြား (Blue Plaque)ကို သမိုင်းဝင် အဆောက်အအုံ တခုဖြစ်တဲ့ ရန်ကုန်မြို့ မြို့တော် ခန်းမရှေ့မှာ သြဂုတ်လ ၉ ရက်နေ့က တပ်ဆင်ပြီး ဖွင့်ပွဲအခမ်းအနား ကျင်းပခဲ့ပါတယ်။

ဖွင့်ပွဲအခမ်းအနားကို ရန်ကုန်မြို့တော်ဝန် ဦးလှမြင့်၊ ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေး အဖွဲ့ဥက္ကဋ္ဌ ဒေါက်တာ သန့်မြင့်ဦး၊ ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်မှ တာဝန်ရှိသူများ၊ သံတမန်များ၊ သမိုင်းပညာရှင်များ တက်ရောက်ခဲ့ကြပါတယ်။

ရန်ကုန်မြို့ပြ အမွေအနှစ် ထိန်းသိမ်းစောင့်ရှောက်ရေးအဖွဲ့က ယင်းအပြာရောင် ကမ္ပည်းပြားများ ကို ထူးခြားသော ဗိသုကာ လက်ရာရှိတဲ့ အဆောက်အအုံများ၊ ထင်ရှားကျော်ကြားသူတို့ရဲ့ နေအိမ်များ အပါအ၀င် သမိုင်းအတွက်အရေးပါတဲ့ အဆောက်အအုံတွေမှာ ဆက်လက် တပ်ဆင်သွားမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

အပြာရောင် ကမည်းပြား တပ်ဆင်ခြင်း အစီအစဉ်ကို အကောင်ထည်ဖော်နိုင်ရေး ရန်ကုန်မြို့ အနှံ့ရှိ သမိုင်းဝင်နေရာများ အားလေ့လာခြင်း၊ ကမ္ပည်းပြားများ ထုတ်လုပ်တပ်ဆင်ခြင်း တို့အတွက် Royal Philips မှ အမေရိကန်ဒေါ်လာ ၇၅၀၀၀ ကို ထောက်ပံ့ပေးအပ်မှာဖြစ်ပါတယ်။

[gallery ids="62008,62009,62010,62011,62012,62013"]

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013