DVB Logo
Home
မြန်မာသတင်း
Everglades ဟာမိုနီအဖွဲ့ဝင် ကိုမောင်မောင်သန့်  ကွယ်လွန်
DVB
·
October 14, 2023
Everglades ဟာမိုနီအဖွဲ့ဝင် ကိုမောင်မောင်သန့်  ကွယ်လွန်
Donate to DVB

မြန်မာ့ဂီတလောကထဲက နာမည်ကြီး ဟာမိုနီအဖွဲ့တခုဖြစ်တဲ့ ခရီးသွားငါးယောက် Everglades Harmony အဖွဲ့က တေးသံရှင်တယောက်ဖြစ်တဲ့ ကိုမောင်မောင်သန့်ဟာ အောက်တိုဘာ ၁၄ ရက် ဒီနေ့မနက်ပိုင်းမှာ ကွယ်လွန်သွားခဲ့ပြီလို့ ဂီတအသိုင်းအဝိုင်းက ပြောပါတယ်။ 

ကိုမောင်မောင်သန့်ဟာ ရန်ကုန်၊ လမ်းမတော်မြို့နယ်၊ ပြည်လမ်းမှာရှိတဲ့ ရန်ကုန် အထွေထွေရောဂါကုဆေးရုံသစ်(ဂျပန်ဆေးရုံ)မှာ မနက် ၅ နာရီ ၁၀ မိနစ်ခန့်က အစာအိမ်ကင်ဆာရောဂါနဲ့ ကွယ်လွန်သွားခဲ့တာပါ။ 

ကွယ်လွန်ချိန်မှာ အသက် ၅၄ နှစ်ရှိပြီလို့သိရပြီး ဇနီးနဲ့ သားသမီး ၃ ဦး ကျန်ရစ်ခဲ့ကာ Everglades Harmony အဖွဲ့ရဲ့ တေးသံရှင်တဦးအဖြစ် ၂၅ နှစ်ကျော် လက်တွဲခဲ့သူ ဖြစ်ပါတယ်။ 

ခရီးသွားငါးယောက်က ဆရာမ Tracy က “ဒီမနက် ၅ နာရီ ၁၅ မိနစ်လောက်မှာ ကွယ်လွန်သွားပါတယ်။ အသက်က ၅၄ နှစ်လောက်ရှိပါပြီ။ သူက အစာအိမ်ကင်ဆာ ဖြစ်တဲ့အတွက် ဆေးရုံမှာတင်ထားတာပါ။ ဆေးရုံမှာပဲ ဆုံးသွားပါတယ်” လို့ ပြောပါတယ်။ 

Everglades အဖွဲ့ဟာ ၁၉၉၇ ခုနှစ် မတိုင်ခင်ကတည်းက ဂီတနယ်ပယ်မှာ ဟာမိုနီအဖွဲ့အနေနဲ့ ရပ်တည်ခဲ့ကြပြီး ၁၉၉၇ ခုနှစ်မှာ ထွက်ရှိတဲ့ သီချင်း ၁၃ ပုဒ်ပါ ခရီးသွား ၅ ယောက် သီချင်းစီးရီးဟာ မြန်မာပရိသတ်ကြားမှာ နာမည်ကြီးပါတယ်။ 

ကို‌မောင်မောင်သန့် ကွယ်လွန်တာနဲ့ပတ်သက်ပြီး Everglades ဟာမိုနီအဖွဲ့အပါအဝင် ဂီတလောကသားတွေကပါ ဝမ်းနည်းကြောင်းကို လူမှုကွန်ယက်မှာ မျှဝေနေကြပြီး ကွယ်လွန်သူ ဈာပနနဲ့ပတ်သက်လို့ မိသားစုဝင်တွေက ဆက်လက် လုပ်ဆောင်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013