DVB Logo
Home
နိုင်ငံတကာ
အစ္စရေးကို စစ်ဘက်အကူအညီ ထပ်ပေးရန် အသင့်ဖြစ်နေဟု အမေရိကန်ပြော
DVB
·
October 14, 2023
အစ္စရေးကို စစ်ဘက်အကူအညီ ထပ်ပေးရန် အသင့်ဖြစ်နေဟု အမေရိကန်ပြော
Donate to DVB

အမေရိကန်ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က အစ္စရေးနိုင်ငံကို စစ်ဘက်ဆိုင်ရာ အကူအညီ တွေ ထပ်ပို့ပေးဖို့ ပန်တဂွန်အနေနဲ့  အသင့်ဖြစ်နေပြီလို့ အောက်တိုဘာ ၁၃ ရက်မှာ ပြောကြားပါတယ်။ 

တဖက်မှာ ဟားမက်စ်စစ်သွေးကြွအဖွဲ့ရဲ့ အပြင်းအထန် တိုက်ခိုက်မှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးနိုင်ငံက ဂါဇာဒေသကို ကျူးကျော်ဖို့ ပြင်ဆင်နေနိုင်တယ်လို့ ဆိုပါတယ်။ 

အမေရိကန်ရဲ့  အနီးကပ်ဆုံးသော အရှေ့အလယ်ပိုင်း မဟာမိတ်အတွက် လက်နက်ခဲယမ်းတွေ၊ လေကြောင်း ကာကွယ်ရေး စနစ်တွေ၊ အခြားပစ္စည်းတွေနဲ့  အတူ အရင်းအမြစ်တွေပါ "အလျင်အမြန် စီးဝင်နေပြီ" ဖြစ်တယ်လို့ အော်စတင် က မှတ်ချက်ပေးပါတယ်။ 

ဂါဇာဒေသမှာ ထိန်းချုပ်ထားတဲ့ ပါလက်စတိုင်း အစ္စလာမ္မစ် လှုပ်ရှားမှုဆိုင်ရာ ဟားမက်စ်အဖွဲ့ကို ချေမှုန်းပစ်မယ်ဆိုပြီး အစ္စရေးနိုင်ငံက ကတိပြုထားတာပါ။ 

အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမန် နေတန်ယာဟုကတော့ ISIS အဖွဲ့ကို တိုက်ထုတ် ခဲ့ရာမှာ ကမ္ဘာကြီး အနေနဲ့ စည်းလုံးခဲ့သလိုမျိုး ဟားမက်စ်အဖွဲ့ကို ချေမှုန်းရာမှာလည်း ပေါင်းစည်းကူညီကြပါ ဆိုပြီး တောင်းဆိုခဲ့ပါတယ်။ 

အစ္စရေးနိုင်ငံရဲ့  ဝန်ကြီးချုပ်နဲ့ ကာကွယ်ရေးဝန်ကြီး ယိုအာဖ် ဂဲလန့်တို့ကို အော်စတင် ကိုယ်တိုင် သွားရောက်တွေ့ဆုံပြီးနောက် တဲလ်အဗစ်မြို့မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့တာပါ။ 

အီရန်နဲ့ ဟက်ဇ်ဘိုလာ အပါအဝင် " အကြမ်းဖက်ဝါဒအပေါ်  ထောက်ခံကူညီတဲ့အုပ်စုရဲ့ (Axis of Evil) " တစိတ်တပိုင်း ဖြစ်တယ်လို့ ဂဲလန့်က ဟားမက်စ်အဖွဲ့ကို ရည်ညွှန်းပါတယ်။ 

ဒါ့အပြင် ဟားမက်စ်အဖွဲ့ရဲ့  အကြမ်းဖက်တိုက်ခိုက်မှုမှာ အီရန်နိုင်ငံက သဘောတူညီခဲ့ခြင်း ရှိ၊ မရှိ ဆိုတဲ့ မေးခွန်းကို "အရေးမကြီးပါဘူး၊ ဒါဟာ အီရန်ရဲ့  အကြံအစည် တခုသာ" ဖြစ်တယ်ဆိုပြီး ဂဲလန့် အနေနဲ့ တုံ့ပြန်ဖြေဆိုပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013