DVB Logo
Home
နိုင်ငံတကာ
အခွန်ရှောင်တိမ်းမှုအတွက် အပြစ်ရှိကြောင်း ဖော်မြုလားဝမ်းအကြီးအကဲဟောင်း  ဝန်ခံ
DVB
·
October 14, 2023
အခွန်ရှောင်တိမ်းမှုအတွက် အပြစ်ရှိကြောင်း ဖော်မြုလားဝမ်းအကြီးအကဲဟောင်း  ဝန်ခံ
Donate to DVB

ဖော်မြူလာဝမ်း ကားမောင်းပြိုင်ပွဲရဲ့  အကြီးအကဲဟောင်း ဘားနီး အက်ကယ်စတုန်း ဟာ အခွန် ရှောင်တိမ်းမှုအတွက် အပြစ်ရှိကြောင်း ဝန်ခံခဲ့တာကြောင့် အောက်တိုဘာ ၁၂ ရက် ချက်ချင်း ထောင်ဒဏ်ကျခံရမယ့် အရေးမှ ကင်းလွတ်ခဲ့ပါတယ်။ 

ပေါင်သန်း ၄၀၀ ကျော် တန်ကြေးရှိတဲ့ ပြည်ပပိုင်ဆိုင်မှုတွေနဲ့ ပတ်သက်ပြီး ဗြိတိန်နိုင်ငံရဲ့ အခွန်အာဏာပိုင်တွေကို လှည့်ဖြားခဲ့တဲ့အတွက် အကြီးအကဲဟောင်းဖြစ်သူက လန်ဒန်တရားရုံးမှာ အမှုရင်ဆိုင်ခဲ့ရတာပါ။ 

HMRC ဝင်ငွေနဲ့ အကောက်ခွန်ဌာနရဲ့  အရပ်ဖက်ဆိုင်ရာ အမှုကျေအေးရေး သဘောတူညီမှုအတိုင်း အက်ကယ်စတုန်းက လက်ခံခဲ့တာဖြစ်တယ်လို့ အစိုးရရှေ့နေဖြစ်သူ ရစ်ချတ်ရိုက်အနေနဲ့ ပြောကြားပါတယ်။ 

၁၉၉၄ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ ကာလအတွင်း အခွန်၊ ဒဏ်ကြေးနဲ့ အတိုး ၁၈ နှစ် တာအတွက် စုစုပေါင်း ပေါင်သန်း ၆၅၂ ဒသမ ၆ အထိ အက်ကယ်စတုန်းအနေနဲ့ ပေးချေသွားရမှာ ဖြစ်ပါတယ်။

ဆောက်သက်ခ် ခရောင်း တရားရုံးမှာ အမှုရင်ဆိုင်ခဲ့တဲ့ အသက် ၉၂ နှစ်အရွယ် အက်ကယ်စတုန်း ဟာ အစစ်ဆေးမခံရခင် တလကျော်အလိုတုန်းက ကိုယ်စားပြုမှုအတုနဲ့ လိမ်လည်ခဲ့တယ်ဆိုပြီး ဝန်ခံထားပါတယ်။ 

ဒီအမှုအတွက် တရားသူကြီးဖြစ်သူ ဆိုင်မွန် ဘရိုင်ယန်ကတော့ အက်ကယ်စတုန်းကို ၁၇ လတာ ဆိုင်းငံ့ထောင်ဒဏ် ချမှတ် လိုက်ပါတယ်။ 

ဒါကြောင့် ၂ နှစ်တာကာလအတွင်း ဖော်မြူလာဝမ်း အကြီးအကဲဟောင်းအနေနဲ့ တခြားပြစ်မှု ကျူးလွန်တာမျိုး ရှိတဲ့အခါမှာ ထောင်ဒဏ်ကျခံရမှာ ဖြစ်ပါတယ်။

Source/Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013