DVB Logo
Home
မြန်မာသတင်း
မုန်လိုင်ခက်သတင်းကို ပြန်လည်မျှဝေသည့် CDM ဆရာမ ၁ ဦးဖမ်းဆီးခံရ
DVB
·
October 14, 2023
မုန်လိုင်ခက်သတင်းကို ပြန်လည်မျှဝေသည့် CDM ဆရာမ ၁ ဦးဖမ်းဆီးခံရ
1 / 2
Donate to DVB

ကချင်ပြည်နယ်၊ လိုင်ဇာမြို့နားက စစ်ရှောင်စခန်းတိုက်ခိုက်ခံခဲ့ရတဲ့သတင်းကို ဖေ့စ်ဘွတ်ခ်မှာ ပြန်ပြီးမျှဝေခဲ့တဲ့ မန္တလေးတိုင်း၊ အမရပူရမြို့နယ်က CDM ကျောင်းဆရာမ ၁ ယောက်ကို စစ်တပ်က ဖမ်းဆီးသွားပါတယ်။

သတင်းဌာနတခုက တင်ထားတဲ့ မုန်လိုင်ခက်အကြောင်းသတင်းကို ဆရာမက သူ့ရဲ့ ဖေ့စ်ဘွတ်ခ်မှာ ပြန်တင်ခဲ့တာဖြစ်ပြီး အောက်တိုဘာ ၁၂ ရက်နေ့ ညနေပိုင်းမှာ စစ်တပ်က သူ့ရဲ့နေအိမ်မှာ လာရောက်ဖမ်းဆီးသွားတာပါ။

လုံခြုံရေးအရ အမည်မဖော်လိုတဲ့ နီးစပ်သူတယောက်က “ဆရာမက CDM လုပ်ထားပြီး ဟော့ပေါ့ရောင်းနေတာ ဖေ့စ်ဘွတ်ခ်မှာ မျှဝေထားတဲ့ သတင်းကြောင့် ကျောင်းဆရာမရဲ့ နေအိမ်ကို လာရောက်ဖမ်းဆီးသွားတာ” လို့ ပြောပါတယ်။

နောက်ထပ်သတင်းရင်းမြစ်တယောက်ကလည်း ဆရာမဟာ အဲဒီသတင်းကို သူ့သူငယ်ချင်းတွေပဲ မြင်ရအောင်တင်ထားခဲ့တာဖြစ်ပေမဲ့ အကြောင်းကြောင်းကြောင့် စစ်တပ်ထောက်ခံသူတွေသိရှိသွားပြီး ဟော့ပေါ့မှာမယ်လို့ ဆက်သွယ်လာရောက် ဖမ်းဆီးတာဖြစ်တယ်လို့ ဆိုပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ်၊ ဖေဖော်ဝါရီလကနေ ၂၀၂၃ ခုနှစ် စက်တင်ဘာလကုန်အထိ ဖေ့စ်ဘွတ်ခ်၊ TikTok နဲ့ Telegram လူမှုကွန်ယက် စာမျက်နှာတို့မှာ အာဏာသိမ်းစစ်တပ်နဲ့ သက်ဆိုင်တဲ့ သတင်းအချက်အလက် အကြောင်းအရာတွေ ရေးသားပြောဆိုခဲ့လို့ ဖမ်းဆီးခံရသူ ၁၃၀၀ ကျော်ရှိပြီး ဖေ့စ်ဘွတ်ခ်သုံးသူက အများစုဖြစ်တယ်လို့ Data For Myanmar အဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013