DVB Logo
Home
အားကစား
Golden Boy ဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်ယူတိုက်စစ်မှူး ဟွိုက်လန်း ပါဝင်
DVB
·
October 14, 2023
Golden Boy ဆုအတွက် ဆန်ခါတင်စာရင်းတွင် မန်ယူတိုက်စစ်မှူး ဟွိုက်လန်း ပါဝင်
Donate to DVB

Golden Boy Award လို့ခေါ်တဲ့ ဥရောပအကောင်းဆုလူငယ်ကစားသမားဆု ဆန်ခါတင် ၂၅ ဦးစာရင်းမှာ မန်ယူတိုက်စစ်မှူး ဟွိုက်လန်းလည်း ပါဝင်ခဲ့ပါတယ်။

ပရီးမီးယားလိဂ်က ၄ ဦးသာပါဝင်ပြီး ဟွိုက်လန်းနဲ့ အတူ ချဲလ်ဆီးနောက်ခံလူ ကိုဝဲလ်၊ ဘရိုက်တန်တိုက်စစ်မှူး ဖာဂူဆန်နဲ့ ဘုန်းမောက်က ဟန်ဂေရီ နောက်ခံလူ မီယိုကတ်ခ် ကက်ဇ် တို့ပါဝင်ခဲ့တာပါ။

ဥရောပတိုက်မှာရှိတဲ့ အသက် ၂၁ နှစ်အောက် ကစားသမားတွေထဲက ရွေးချယ်တာဖြစ်ပြီး မနှစ်ကရရှိခဲ့တဲ့ ဘာစီလိုနာက ဂါဘီကိုတော့ ထပ်မံ ဆုပေးခွင့်မရှိပါဘူး။

ရီးရဲလ်က ဘယ်လင်ဂမ်၊ ဘိုင်ယန်က မူဆီယာလာ၊ လိုက်ပ်ဇစ်က ဇာဗီဆိုင်မွန်စ်တို့လည်းပါဝင်ပြီး ဘယ်လင်ဂမ်ကတော့ ဆုရဖို့ ရေပန်းအစားဆုံးအဖြစ် သတ်မှတ်ခံ ထားရပါတယ်။

ဒီဆုကိုတော့ လာမယ့် ဒီဇင်ဘာ ၄ ရက်မှာ ကြေညာမှာဖြစ်ပြီး ကမ္ဘာတဝန်းက ဂျာနယ်လစ်တွေက မဲပေး ရွေးချယ်ကြမှာပါ။

ဘယ်လင်ဂမ်သာရရှိခဲ့မယ်ဆိုရင် ၂၀၀၄ ခုနှစ်မှာ ဝိန်းရွန်းနီ၊ ၂၀၁၄ ခုနှစ်မှာ စတာလင် တို့ရရှိခဲ့ပြီးနောက် တတိယမြောက်ဆုရရှိတဲ့ အင်္ဂလန်ကစား သမာ’ဖြစ်လာမှာပါ။ 

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013