DVB Logo
Home
မြန်မာသတင်း
တောင်ဥက္ကလာရှိ  DOMINO ကလပ်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး
DVB
·
October 13, 2023
တောင်ဥက္ကလာရှိ  DOMINO ကလပ်ကို ရှောင်တခင် ဝင်ရောက်ဖမ်းဆီး
Donate to DVB

ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်၊ အမှတ် ၈ ရပ်ကွက်၊ စက်မှုဇုန် ၆ လမ်း၊ အမှတ်-၇/ခ မှာ ဖွင့်လှစ်ထားတဲ့ DOMINO ကလပ်ကို ခရိုင်နဲ့ မြို့နယ် စီမံအုပ်ချုပ်ရေး ပူးပေါင်းအဖွဲ့က အောက်တိုဘာ ၁၃ ရက် မနက်စောပိုင်းမှာ ရှောင်တခင် ဝင်ရောက် ဖမ်းဆီးခဲ့ကြောင်း သိရပါတယ်။

သင်္ကန်းကျွန်းခရိုင်နဲ့ တောင်ဥက္ကလာပမြို့နယ်က အုပ်ချုပ်ရေးအဖွဲ့တွေ၊ လူဝင်မှုကြီးကြပ်ရေးနဲ့ ပြည်သူ့အင်အားဦးစီးဌာန အဖွဲ့ဝင်တွေ၊ မူးယစ်အထူးအဖွဲ့ အပါအဝင် ရဲတပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့တို့ ပူးပေါင်းပြီး ဒီကနေ့မနက် ၁၂ နာရီ ၁၅ မိနစ်က ဝင်ရောက်ရှာဖွေ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ လုံခြုံရေးအဖွဲ့နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

“ကလပ်မန်နေဂျာ အပါအဝင် တယောက်ချင်းဆီကို မူးယစ်ဆေးဝါး လက်ဝယ်ထားတာ၊ ရောင်းဝယ်တာနဲ့ သုံးစွဲထားတာ ရှိ၊ မရှိ အဓိက ဝင်စစ်တာပါ။ ကလပ်ကို လာတဲ့သူတွေကိုတော့ မနက် ၁ နာရီခွဲလောက်တည်းက ပြန်လွှတ်ပေးလိုက်ပါပြီ။ သတ်မှတ်ကျော်လွန်ချိန်ထိ ဖွင့်လှစ်ထားတဲ့ ဆိုင်မန်နေဂျာကို ဥပဒေအတိုင်း ဆောင်ရွက်ဖို့ရှိပါတယ်။”

အခုလို ရှောင်တခင် ဝင်ရောက်ဖမ်းဆီးရာမှာ ကလပ်အတွင်းရှိ အမျိုးသား ၈၇ ဦး၊ အမျိုးသမီး ၅၅ ဦး စုစုပေါင်း ၁၄၂ ဦး၊ ကလပ်မန်နေဂျာတဦးနဲ့ ဆိုင်ဝန်ထမ်း ၄၀ ဦးတို့ကို တွေ့ရှိပြီး မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပြီး တဦးချင်းကို စစ်ဆေးခဲ့ရာ မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းသုံးစွဲမှု မတွေ့ရှိခဲ့ကြောင်း သိရပါတယ်။

DOMINO ကလပ်ရဲ့ မန်နေဂျာဖြစ်သူ ဦးနိုင်လင်းသိန်း (၄၂ နှစ်) ကိုတော့ ညမထွက်ရအမိန့်ကို ချိုးဖောက်ပြီး သတ်မှတ်ချိန်ကျော်လွန် ဖွင့်လှစ်ခဲ့တဲ့အပေါ် ဖမ်းဆီးအမှုဖွင့်ထားပြီး ကလပ်ကို ယာယီပိတ်သိမ်းထားခဲ့ပါတယ်။

အလားတူ ဇွန် ၁၃ ရက် မနက်အစောပိုင်းကလည်း မရမ်းကုန်းမြို့နယ်၊ အမှတ် ၁ ရပ်ကွက်၊ သမိုင်းဘူတာရုံလမ်းမှာ ဖွင့်လှစ်ထားတဲ့ Honey Nest Bar ကို ပူးပေါင်းအဖွဲ့က ဝင်ရောက်စစ်ဆေးပြီးနောက် Bar အတွင်းရှိနေတဲ့ အမျိုးသား ၂၅၁ ဦးနဲ့ အမျိုးသမီး ၁၁၈ ဦး စုစုပေါင်း ၃၆၉ ဦးတို့ကို ဖမ်းဆီးပြီး မူးယစ်ဆေးဝါးသုံးစွဲခြင်း ရှိ၊ မရှိ စစ်ဆေးပြီးနောက် ပြန်လွှတ်ပေးခဲ့ပြီး ကလပ်မန်နေဂျာကို ဖမ်းဆီးအမှုဖွင့်ကာ ဆိုင်ကိုလည်း ယာယီပိတ်သိမ်းခဲ့ ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013