DVB Logo
Home
မြန်မာသတင်း
ရွှေဈေးကို “ရည်ညွှန်းဈေး”ဟု သတ်မှတ်သုံးနှုန်းရာက “ဈေးကွက်ဈေးနှုန်း”ဟု ပြောင်းလဲ
DVB
·
October 13, 2023
ရွှေဈေးကို “ရည်ညွှန်းဈေး”ဟု သတ်မှတ်သုံးနှုန်းရာက “ဈေးကွက်ဈေးနှုန်း”ဟု ပြောင်းလဲ
Donate to DVB

ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်အသင်း YGEA အနေနဲ့ “ရွှေရည်ညွှန်းဈေး”လို့ အရင်က ခေါ်ဝေါ်သုံးနှုန်းထုတ်ပြန်နေရာကနေ  အောက်တိုဘာ ၁၂ ရက် ဒီကနေ့က စတင်ပြီး “ဈေးကွက်ဈေးနှုန်း” အဖြစ် ပြောင်းလဲသုံးနှုန်း ထုတ်ပြန်လိုက်ပါတယ်။

အရင်က ဗဟိုဘဏ်ငွေလဲနှုန်း ၂၁၀၀ ကျပ်နဲ့ တွက်ချက်ပြီး ရွှေရည်ညွှန်းဈေးကို ထုတ်ပြန်နေရာကနေ အောက်တိုဘာ ၇ ရက်က စတင်ကာ ဗဟိုဘဏ်လေလံဈေး ၂၉၃၂ ကျပ်နဲ့ ပြောင်းလဲတွက်ချက် ထုတ်ပြန်ခဲ့ပါတယ်။

အောက်တိုဘာ ၁၂ ရက်နေ့မှာတော့ ဘဏ်‌‌တွေအကြား ဗဟိုဘဏ်ရဲ့ အွန်လိုင်းဈေးကွက်ကနေ အရောင်းအဝယ်ဖြစ်တဲ့ ဒေါ်လာပေါက်ဈေးနဲ့ တွက်ချက်ကာ ရွှေရည်ညွှန်းဈေးကို ဈေးကွက်ဈေးနှုန်းအဖြစ် ထပ်မံပြောင်းလဲ ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

အခုလို အမည်ပြောင်းလဲ ထုတ်ပြန်လာပေမယ့် အမှန်တကယ် အရောင်းအဝယ်ပြုလုပ်နေတဲ့ ပြင်ပဈေးကွက်ကို မသက်ရောက်နိုင်ဘူးလို့ ရွှေလုပ်ငန်းရှင်တွေက သုံးသပ်ကြပါတယ်။

"YGEAကတော့ သူတို့ဘာသာသူတို့ အမျိုးမျိုး ကြေညာနေတာပါပဲ။ ဈေးကွက်အပေါ် ဘာမှ ရိုတ်ခတ်မှု မရှိနိုင်ပါဘူး။ အရင်တုန်းကလည်း YGEAက တောက် လျှောက်နေ့တိုင်း တင်နေတာပဲလေ။ သူတို့ တက်တာကို ဘယ်သူမှလည်း စိတ်မဝင်စားကြပါဘူး။ အခုပြောင်းပြီးတင်တော့လည်း ဈေးကွက်အပေါ် ဘာမှ ရိုတ်ခတ်မှု ပိုမရှိဘူး " လို့ ရွှေလုပ်ငန်းရှင် တစ်ဦးက ပြောပါတယ်။

ဒီကနေ့ YGEAက သတ်မှတ်ထုတ်ပြန်တဲ့ ဈေးကွက်အဖွင့်ဈေးနှုန်းက အခေါက်ရွှေ တကျပ်သားကို ၂၉၂၈၈၀၀ ကျပ် ဖြစ်ပြီးပြင်ပ ဈေးကွက် ပေါက်ဈေးက ၃၄၄၀၀၀၀ ဝန်းကျင် ရှိပါတယ်။

စစ်ကောင်စီက YGEA ဈေးကွက်ပေါက်ဈေးနဲ့ ပြင်ပပေါက်ဈေး ဈေးတန်းတခုတည်းအဖြစ် ထိန်းညှိနိုင်ဖို့ နည်းလမ်းမျိုးစုံ ကြိုးပမ်းလုပ်ဆောင်နေတာ ဖြစ်ပေမဲ့ လက်တလောမှာ ကျပ် ၅ သိန်းဝန်းကျင် ကွာဟချက်ရှိနေပါသေးတယ်။

‌မြန်မာပြည်တွင်း ရွှေဈေးနှုန်းကတော့ပြီးခဲ့တဲ့ သြဂုတ်လအတွင်းက ကျပ် ၃၉ သိန်းကျော်ထိ စံချိန်တင် မြင့်တက်ခဲ့ပြီးနောက် လက်ရှိမှာတော့ ကမ္ဘာရွှေဈေးနဲ့ ဒေါ်လာဈေးအပေါ်မူတည်ပြီး တစ်ကျပ်သားကို ငွေကျပ် ၃၄၄၀၀၀၀ ဝန်းကျင်မှာ အတက်အကျ ဖြစ်ပေါ်နေပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013