DVB Logo
Home
နိုင်ငံတကာ
ပါလက်စတိုင်းသမ္မတနှင့် ဂျော်ဒန်ဘုရင် တွေ့ဆုံ
DVB
·
October 13, 2023
ပါလက်စတိုင်းသမ္မတနှင့် ဂျော်ဒန်ဘုရင် တွေ့ဆုံ
Donate to DVB

ဂါဇာမှာ အကြမ်းဖက်မှုတွေ ဆက်လက်ဖြစ်ပွားနေတဲ့ကြားမှာပဲ ပါလက်စတိုင်းသမ္မတ မာမွတ် အက်ဘာ့စ်ဟာ အောက်တိုဘာ ၁၂ ရက်မှာ ဂျော်ဒန်ဘုရင် အဗ္ဗဒူလာနဲ့ တွေ့ဆုံခဲ့ပြီး ဘာတွေဆွေးနွေးခဲ့ကြတယ် ဆိုတာကိုတော့ မထုတ်ပြန်ပါဘူး။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး အန်တိုနီ ဘလင်ကန်ကလည်း ဘုရင်အဗ္ဗဒူလာနဲ့ ပါလက်စတိုင်းအာဏာပိုင် သမ္မတ  မာမွတ်အက်ဘာ့စ်တို့ကို တွေ့ဆုံဖို့အတွက် အောက်တိုဘာ ၁၂ ရက် ညပိုင်းမှာ ဂျော်ဒန်နိုင်ငံကို ရောက်ရှိလာခဲ့ပါတယ်။

ဘလင်ကန်ဟာ ဂျော်ဒန်ကို မလာရောက်ခင် အစ္စရေးကို အရင်သွားရောက်ခဲ့တာဖြစ်ပြီး အဲ့ဒီမှာ အစ္စရေးသမ္မတ ဟဲဇော့ဂ်၊ ဝန်ကြီးချုပ် နေတန်ယာဟုတို့နဲ့ တွေ့ဆုံခဲ့ပါတယ်။

ဘလင်ကန်ဟာ အပြစ်မဲ့သူတွေ မထိခိုက်အောင် ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ဖို့ အစ္စရေးကို တိုက်တွန်းခဲ့ပေမဲ့ အစ္စရေးဘက်မှာ အမေရိကန်က ထောက်ခံမှု မယိမ်းယိုင်ကြောင်းကိုလည်း ထပ်လောင်းပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ ဟားမတ်စ်တွေအပေါ် လွှမ်းမိုးမှုရှိတဲ့ အဓိက အမေရိကန် မဟာမိတ်တွေဖြစ်တဲ့ ကာတာ၊ ဆော်ဒီအာရေဗျ၊ အီဂျစ်နဲ့ အာရပ်စော်ဘွားများပြည်ထောင်စု နိုင်ငံတွေကိုလည်း သွားရောက်ဖို့ စီစဉ်ထားပါတယ်။

ဂါဇာကမ်းမြောင်ဒေသမှာ သေဆုံးသူဦးရေ မြင့်တက်လာပြီး အရေးကြီးတဲ့ ထောက်ပံ့ရေးပစ္စည်းတွေလည်း မြန်မြန်ဆန်ဆန် လျော့နည်းလာတာကြောင့် ကြာသပတေးနေ့မှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ကပ်ဘေးတခုကို နီးကပ်လာခဲ့ပြီ ဖြစ်ပါတယ်။

ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့ နိုင်ငံတကာက တောင်းဆိုမှုတွေကြားမှာပဲ အစ္စရေးဟာ မြေပြင်တိုက်ပွဲ မစတင်ခင်မှာပဲ အစ္စရေးတို့ ဝိုင်းရံထားတဲ့ နယ်စပ်မှာ တင့်ကားတွေကို အများအပြား နေရာချထားပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013