DVB Logo
Home
အားကစား
၂၀၃၄ ကမ္ဘာ့ဖလား ၄ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပဖွယ်ရှိ
DVB
·
October 13, 2023
၂၀၃၄ ကမ္ဘာ့ဖလား ၄ နိုင်ငံ ပူးတွဲအိမ်ရှင်အဖြစ်ကျင်းပဖွယ်ရှိ
Donate to DVB

လာမယ့် ၂၀၃၄ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲမှာ အင်ဒိုနီးရှားနိုင်ငံက သြစတြေးလျအပါအဝင် မလေးရှား၊ စင်ကာပူနိုင်ငံတို့နဲ့အတူ အိမ်ရှင်အဖြစ် ပူးတွဲကျင်းပခွင့်ရရှိဖို့ ဆွေးနွေးနေတယ်လို့ နိုင်ငံ့ဘောလုံးအဖွဲ့ချုပ် (PSSI) ရဲ့  ဥက္ကဋ္ဌက အတည်ပြုပါတယ်။ 

လွန်ခဲ့တဲ့အပတ်မှာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဖီဖာက အာရှပစိတ်ဒေသဆိုင်ရာ အဖွဲ့ဝင်နိုင်ငံတွေကို ဒီပြိုင်ပွဲကျင်းပခွင့်အတွက် ဝင်ရောက်လျှောက်ထားကြဖို့ ဖိတ်ခေါ်ခဲ့တာပါ။

လေးနိုင်ငံ ပူးတွဲအိမ်ရှင်ဖြစ်လာရေးနဲ့ ပတ်သက်ပြီး အင်ဒိုနီးရှားနဲ့ သြစတြေးလျတို့အကြား ဆွေးနွေးနေတယ်လို့လည်း ဆိုပါတယ်။ 

ရိုက်တာသတင်းဌာနက သြစတြေးလျ ဘောလုံးအဖွဲ့ချုပ်ကို မှတ်ချက်ပေးဖို့ တောင်းဆိုခဲ့ရာမှာ " ၂၀၂၉ ဖီဖာကလပ် ကမ္ဘာ့ဖလား ဒါမှမဟုတ် ၂၀၃၄ ဖီဖာကမ္ဘာ့ဖလားပြိုင်ပွဲ ကျင်းပခွင့်အတွက် ကမ်းလှမ်းနိုင်မယ့် ဖြစ်နိုင်ခြေအပေါ်  ရှာဖွေနေရှိတယ်" ဆိုပြီး ထုတ်ပြန်ထားပါတယ်။

ဒီသတင်းဖော်ပြချက်အပေါ်မှာ အာရှဘောလုံးအဖွဲ့ချုပ်အပါအဝင် PSSI ၊ မလေးရှားဘောလုံး အဖွဲ့ချုပ်နဲ့ စင်ကာပူဘောလုံးအဖွဲ့ချုပ်တို့ကတော့ တုံ့ပြန်ဖြေဆိုမှုမရှိသေးပါဘူး။

Photo-Reuters 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013