DVB Logo
Home
မြန်မာသတင်း
ဟင်္သာတခရိုင်တွင် တိုက်ပွဲ ၈ ကြိမ်ဖြစ်၊ စစ်သား ၃၀ ခန့်နှင့် PDF ၃ ဦး ကျဆုံး 
DVB
·
October 12, 2023
ဟင်္သာတခရိုင်တွင် တိုက်ပွဲ ၈ ကြိမ်ဖြစ်၊ စစ်သား ၃၀ ခန့်နှင့် PDF ၃ ဦး ကျဆုံး 
Donate to DVB

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်ထဲမှာ ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းက စစ်ကောင်စီတပ်နဲ့ ဟင်္သာတခရိုင်၊ အမှတ် ၁ တပ်ရင်းတို့ တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့ပြီး စစ်တပ်ဘက်က အယောက် ၃၀ လောက် ထိခိုက်သေဆုံးခဲ့တယ်လို့ တပ်ရင်းက အောက်တိုဘာ ၁၁ ရက်မှာ ထုတ်ပြန်လာပါတယ်။

စစ်ဆင်ရေးကာလအခြေအနေတွေကြောင့် အခုမှ ထုတ်ပြန်နိုင်တာလို့ ဆိုပြီး ဇူလိုင် ၁၉ ရက်ကနေ ဩဂုတ် ၁ ရက်နေ့အထိအတွင်း တိုက်ပွဲ ၈ ကြိမ်ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်သား ၃ ယောက်ကျဆုံးခဲ့တယ်လို့ ဆိုပါတယ်။

တိုက်ပွဲဝင်ရဲဘော်တွေက ပြန်လည်တင်ပြတာနဲ့ စစ်တပ်ဘက် သတင်းပေးတွေဆီက သိရသလောက် စစ်တပ်ဘက်က ထိခိုက်ဒဏ်ရာရသူတွေထဲမှာ ဒု တပ်ရင်းမှူးအဆင့် အရာရှိ ၁ ယောက်လည်းပါပြီး ဒဏ်ရာပြင်းထန်တယ်လို့ ထုတ်ပြန် ဖော်ပြထားပါတယ်။

တပ်ရင်းရဲ့ လက်နက်ခဲယမ်းအခြေအနေအရ ပြောက်ကျားစနစ်နဲ့ပဲ တိုက်ခိုက်နိုင်ပြီး စစ်တပ်ဘက်ဆီက MA ၁ လက်နဲ့ ကျည်တချို့ သိမ်းဆည်းရမိခဲ့သလို တပ်ရင်းဘက်ကလည်း စစ်သုံးပစ္စည်းတချို့ဆုံးရှုံးသွားတာရှိတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် တပ်ရင်း ၁ က ဒရုန်းအဖွဲ့ခေါင်းဆောင်၊ တပ်စိတ်မှူး ၁ ယောက်နဲ့ မိုင်းတပ်သား ၁ ယောက်တို့လည်း တော်လှန်ရေးမှာ အသက်ပေးခဲ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။

တိုက်ပွဲကာလမှာ ရဲရဲဝံ့ဝံ့ စွန့်စွန့်စားစားပါဝင်ခဲ့ကြတဲ့ တပ်မှူးတွေ၊ ရဲဘော် ရဲမေတွေကို ဂုဏ်ယူအသိအမှတ်ပြုပြီုး ပြည်သူတွေအနေနဲ့လည်း ကိုယ်တိုင်ပါဝင်တာ၊ သတင်းပေးပို့ကူညီတာနဲ့ ထောက်ပံ့တာတွေဆက်လုပ်ပေးကြဖို့ မေတ္တာရပ်ခံ ထားပါတယ်။

ဧရာဝတီတိုင်း၊ ဟင်္သာတခရိုင်တပ်ရင်းကို တိုင်းရင်းသားတော်လှန်ရေးတပ်တွေဆီမှာ စစ်ပညာသင်ယူခဲ့ကြတဲ့ တိုင်းအတွင်းက ရဲဘော်တွေနဲ့ ၂၀၁၂ ခုနှစ်၊ နိုဝင်ဘာမှာ စတင်ဖွဲ့စည်းတည်ထောင်ခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013