DVB Logo
Home
Lead Story
ပဲခူးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခုဖွင့်၊ လူ ၁ သောင်းကျော် ခိုလှုံ
DVB
·
August 8, 2014
ပဲခူးတွင် ရေဘေးကယ်ဆယ်ရေးစခန်း ၁၈ ခုဖွင့်၊ လူ ၁ သောင်းကျော် ခိုလှုံ
Donate to DVB

ပဲခူးတိုင်းဒေသကြီး ပဲခူးမှာ မိုးများပြီး ပဲခူးမြစ်ရေ စိုးရိမ်ရေမှတ်ထက် ကျော်လွန် နေတာကြောင့် ပဲခူးမြို့ပေါ်မှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားနေပါတယ်။

dvb11ရေကြီးမှုကြောင့် ကယ်ဆယ်ရေးစခန်း ၁၈ ခု ဖွင့်လှစ်ထားပြီး လူပေါင်း ၁ သောင်းကျော် ခိုလှုံနေကြတယ်လို့ ပဲခူးမြို့နယ် အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်က ပြောပါတယ်။

ရေကြီးမှုကြောင့် ကျောင်းပေါင်း ၂၃ ကျောင်း ပိတ်ထားရသလို လယ်ဧကပေါင်း ၁ သောင်းကျော် နှစ်မြုပ်နေတယ်လို့ ပြောပါတယ်။

ပဲခူးမြို့နယ် ရေကြီးမှုအခြေအနေနဲ့ ပတ်သက်ပြီးတော့လည်း တိုင်းဝန်ကြီးချုပ်က ကယ်ဆယ်ရေးစခန်းတွေကို ဒီနေ့သွားရောက်ပြီး ကူညီ ကယ်ဆယ်မှုတွေ လုပ်ဆောင်နေပါတယ်။

ပဲခူးရေကြီးမှု အခြေအနေနဲ့ ပတ်သက်လို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးခင်သိန်းမောင်ကို ဒီဗွီဘီက ဆက်သွယ် မေးမြန်းထားပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013