DVB Logo
Home
နိုင်ငံတကာ
၁၀၄ နှစ်အရွယ် မိုးပျံဒိုင်ဗင်သမား အမျိုးသမီးကြီး ကွယ်လွန် 
DVB
·
October 11, 2023
၁၀၄ နှစ်အရွယ် မိုးပျံဒိုင်ဗင်သမား အမျိုးသမီးကြီး ကွယ်လွန် 
Donate to DVB

အမေရိကန်နိုင်ငံ ချီကာဂိုမှာနေထိုင်တဲ့အသက် ၁၀၄ နှစ်အရွယ်  မိုးပျံဒိုင်ဗင်သမား အမျိုးသမီး ဒေါ်ရိုသီဟော့ဖ်နာဟာ အောက်တိုဘာ ၉ ရက်က သေဆုံးသွားပြီလို့ Skydive ချီကာဂိုနဲ့ လေထီးအသင်းကို ကိုးကားပြီး ပြည်တွင်းမီဒီယာတွေက ဖော်ပြပါတယ်။

အောက်တိုဘာ ၁  ရက်နေ့က ဟော့ဖ်နာဟာ သူ့တုတ်ကောက်ကို ချန်ထားပြီး အီလီနွိုက်ပြည်နယ်၊ အော့တဝါမြို့က Skydive Chicago မှာ အမြင့်ပေ ၁၃၅၀၀  မှာရှိတဲ့ လေယာဉ်ပေါ်ကနေ ခုန်ချခဲ့ပါသေးတယ်။

"တစ်ခါတလေမှာ မင်းကြောက်တာတွေ ဒါမှမဟုတ် ကြောက်စိတ်တွေရှိ ပေမဲ့ မင်းစိတ်ချမ်းသာရင်၊ လုပ်သာလုပ်ပါ။"လို့ သူက ပြောခဲ့ပါသေးတယ်။

ဟော့ဖ်နာရဲ့ ခြေထောက်တွေနဲ့ မြေကြီးပြန်ပြီး ခိုင်ခိုင်မာမာ ထိချိန်မှာ အကြီးအကျယ် လက်ခုပ်တီး အားပေးတာ ခံခဲ့ရတာပါ။

ဂင်းနစ်ကမ္ဘာ့စံချိန်အဖွဲ့က ဟော့ဖ်နာ ကောင်းကင်ကနေ ခုန်ချတဲ့ ဖြစ်စဉ်ကို တက်ရောက်ခဲ့ပေမဲ့ အသိအမှတ်ပြုတဲ့ လုပ်ငန်းစဉ်ကိုတော့ အပြီးမသတ်ရသေးပါဘူး။

ကမ္ဘာ့အသက်အကြီးဆုံး မိုးပျံဒိုင်ဗင်သမားအဖြစ် လက်ရှိ ကမ္ဘာ့စံချိန်ကို ဆွီဒင်နိုင်ငံက အသက် ၁၀၃  နှစ်အရွယ် လီနီယာ အင်ဂီဂါ့ဒ်လာ့က်စင်က ၂၀၂၂ ခုနှစ် မေလက စံချိန်တင်ခဲ့ပါတယ်။

Source/Photo - Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013