DVB Logo
Home
နိုင်ငံတကာ
ထိုင်းနိုင်ငံ ၃၅ ခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်ပွား 
DVB
·
October 11, 2023
ထိုင်းနိုင်ငံ ၃၅ ခရိုင်တွင် ရေကြီးရေလျှံမှုဖြစ်ပွား 
Donate to DVB

ထိုင်းနိုင်ငံမှာ ခုသီတင်းပတ်အတွင်း မိုးအဆက်မပြတ်ရွာသွန်းတဲ့အတွက် ခရိုင်ပေါင်း ၃၅ ခုမှာ ရေကြီးရေလျှံမှုတွေ ဖြစ်ပွားခဲ့တယ်လို့ ထိုင်းနိုင်ငံ သဘာဝဘေးအန္တရာယ် ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဦးစီးဌာန DDPM က ဒီကနေ့  ထုတ်ပြန်ပါတယ်။ 

စက်တင်ဘာ ၂၆ မှ အောက်တိုဘာ ၁၁ ရက်နေ့ထိ ထိုင်းနိုင်ငံ ၃၅ ခရိုင်ရှိ မြို့နယ်ပေါင်း ၁၃၈ မြို့နယ်၊  နယ်မြေနဲ့ကျေးရွာအုပ်စု ၅၁၅ စု၊ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၂၅၀၆ က အိမ်ထောင်စု ပေါင်း ၅၂၂၉၀ စု ရေဘေးသင့်ခဲ့တယ်လို့ ဆိုပါတယ်။ 

ဒီကနေ့ အောက်တိုဘာ ၁၁ ရက်မှာ ခရိုင်အချို့ ရေတွေ ပြန်ကျသွားပေမယ့်လည်း နခွန်းဆဝမ်၊ ဖစ်ချ်ဘွန်း၊ ဗိစနုလုတ် ၊ ဆုခိုထိုင်း ၊ ဥဒရာဒေ့ချ် ၊ ချိုင်းယဖုမ်း၊ လွဲ့အေတ် ၊ နောင်ဘိုလမ်းဖူး ၊ လွေး၊ ကာလာဆင်း၊ ဥဘွန်းရာ့ချ်ဌာနီ စတဲ့ ခရိုင်ပေါင်း ၁၁ ခု ရှိ  ၄၅ မြို့နယ် နယ်မြေနဲ့ကျေးရွာအုပ်စု ၁၈၅ စု၊ ရပ်ကွက်နဲ့ကျေးရွာပေါင်း ၉၂၅ ရွာက အိမ်ထောင်စု ၂၀၁၉၆ ရေဘေးသင့်နေဆဲပဲလို့  ဆိုပါတယ်။ 

အောက်တိုဘာ ၁၀ ရက်မှာဆိုရင် ၉ ခရိုင် ၁၄ မြို့နယ် ၂၂ ရပ်ကွက်ရှိ နေအိမ်အလုံးပေါင်း ၂၁၂၄ အိမ်ထဲ ရေတွေ ဝင်ရောက်ခဲ့တယ်။ လယ်မြေဧကပေါင်း ၁၈၀၊ မွေးမြူရေးငါးကန် ၁ ကန် ရေလွှမ်းပြီး လမ်းပန်းဆက်သွယ်ရေး ၁၄ နေရာနဲ့  ဌာနဆိုင်ရာ အဆောက်အဦ ၂ ခု ပျက်စီးခဲ့တယ်။ နောင်ဘိုလမ်းဖူးခရိုင်မှာ လူ ၁ ဦး ရေထဲမျောပါ သေဆုံးခဲ့တယ်လို့ ဆိုပါတယ်။ 

ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ခံ ခရိုင်အသီးသီးရှိ သဘာဝဘေးအန္တရာယ်ကာကွယ်ရေးနဲ့ ကယ်ဆယ်ရေးဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ နယ်မြေခံအုပ်ချုပ်ရေးရုံး၊ စီမံခန့်ခွဲရေးရုံး၊ လူမှုကယ်ဆယ်ရေးအဖွဲ့တွေနဲ့ ပူးပေါင်းပြီး ရေဘေးသင့်ဒေသသို့ ကွင်းဆင်းကာ ရေစုပ်ထုတ်တာ၊ ရေထဲပိတ်မိနေတဲ့ ပြည်သူနဲ့ ကားတွေ ဆိုင်ကယ်တွေကို အမြင့်ကို ကူညီရွှေ့ပြောင်းပေးတာ၊ စားစရာနဲ့ သောက်ရေသန့်တွေ လိုက်လံဝေငှတာ၊ ရေကျသွားတဲ့ နေရာမှာ နဂိုအတိုင်း ပြန်ဖြစ်အောင် ပြုပြင်ရှင်းလင်းတာတွေ အမြန်ဆုံး ဆောင်ရွက်ပေးနေတယ်လို့ ဆိုပါတယ်။ ရေဘေးသင့်သူတွေအနေနဲ့  သဘာဝဘေးအန္တရာယ်ကယ်ဆယ်ရေး  အရေးပေါ်ဖုန်းလိုင်း  ၁၇၈၄ ဒါမှမဟုတ် DDPM ရဲ့ လူမှုကွန်ရက်စာမျက်နှာ ဖေ့စ်ဘွတ်ခ် กรมป้องกันและบรรเทาสาธารณภัย DDPM တွီစ်တာ @ DDPMNews လိုင်း Line @1784DDPM စတဲ့အကောင့်တွေကနေတဆင့် ဆက်သွယ်အကူအညီတောင်းနိုင်တယ်လို့ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013