DVB Logo
Home
နိုင်ငံတကာ
ကာရေဘီယံသမ္မတကို လုပ်ကြံရာတွင် ပါဝင်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ဟေတီအမတ်ဟောင်း ဝန်ခံ
DVB
·
October 11, 2023
ကာရေဘီယံသမ္မတကို လုပ်ကြံရာတွင် ပါဝင်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ဟေတီအမတ်ဟောင်း ဝန်ခံ
Donate to DVB

ကာရေဘီယံနိုင်ငံရဲ့ နောက်ဆုံးရွေးကောက်ခံသမ္မတ ဂျိုဗန်လဲလ် မွိုက်စ်ကို ၂၀၂၁ ခုနှစ်က လုပ်ကြံသတ်ဖြတ်ခဲ့မှုမှာ ပါဝင်ခဲ့မှုအတွက် ဟေတီ အထက်လွှတ်တော်အမတ်ဟောင်း ဂျိုးဆက်ဖ် ဂျိုဝယ်လ် ဂျွန်ဟာ စွဲချက် ၃ ခုနဲ့ သူ့မှာအပြစ်ရှိကြောင်း အောက်တိုဘာ ၁၀ ရက်က အမေရိကန်တရားရုံးတခုမှာ ဝန်ခံခဲ့ပါတယ်။

အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ တရားခံ ၁၁ ဦးထဲက တတိယမြောက်ပုဂ္ဂိုလ်ဖြစ်တဲ့ အမတ်ဟောင်း ဂျွန်ကို ဒီဇင်ဘာ ၁၉ ရက်မှာ စီရင်ချက်ချမှာ ဖြစ်ပါတယ်။

အထက်လွှတ်တော်အမတ်ဟောင်း ဂျိုးဆက်ဖ် ဂျိုဝယ်လ် ဂျွန်ဟာ သမ္မတလုပ်ကြံခံရမှုမှာ အရေးပါတဲ့ကဏ္ဍကနေ ပါဝင်ခဲ့ပြီး လက်နက်တွေကို ပံ့ပိုးပေးသူ၊ တွေ့ဆုံပွဲတွေကို စီစဉ်ပေးသူ၊ ရာဇဝတ်မှုကျူးလွန်ဖို့ လှုံ့ဆော်စည်းရုံးပေးသူတွေနဲ့ အဆက်အသွယ် ထူထောင်ခဲ့သူ ဖြစ်ကြောင်း ဟေတီနိုင်ငံရဲ့ အမျိုးသားရဲချုပ်ဟောင်း လီယွန်ချားလ်စ်က ပြောပါတယ်။

သက်သေထုတ်ပြန်ချက်တစောင်ထဲမှာ အမတ်ဟောင်း ဂျွန်ဟာ ပူးပေါင်းကြံစည်သူတွေ အသုံးပြုတဲ့ အငှားယာဉ်တွေ၊ သူတို့ရှာဖွေနေတဲ့ ဂိုဏ်းတွေကို မိတ်ဆက်ပေးတာ၊ လက်နက်တွေဝယ်ယူဖို့ ကြိုးပမ်းတာ အပါအဝင် မွိုက်စ်ကိုသတ်ဖို့ ကြံစည်မှုအတွက် အထောက်အပံ့ပစ္စည်းတွေ ပေးအပ်ခဲ့တာတွေမှာ အပြစ်ရှိကြောင်း ဝန်ခံခဲ့ပါတယ်။

အဲဒီထုတ်ပြန်ချက်အရ မွိုက်စ် အသတ်မခံရသေးခင် တညအလိုက ဟေတီသမ္မတကို လုပ်ကြံဖို့ ဆွေးနွေးကြတဲ့ အစည်းအဝေးတွေမှာ ဟေတီ အထက်လွှတ်တော်အမတ်ဟောင်း ဂျွန်လည်း တက်ရောက်ခဲ့ကြောင်း သိရပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013