DVB Logo
Home
မြန်မာသတင်း
ရေကြီးမှုကြောင့် ဆန်ဈေးမတက်နိုင်ဟု ဆန်ကုန်သည်အသင်း ပြောကြား
DVB
·
August 8, 2014
ရေကြီးမှုကြောင့် ဆန်ဈေးမတက်နိုင်ဟု ဆန်ကုန်သည်အသင်း ပြောကြား
Donate to DVB

လက်ရှိ မြန်မာပြည်ဒေသအချို့မှာ မိုးများပြီး ရေကြီးလို့ စပါးစိုက်ခင်းတွေမှာ ရေနစ်မြုပ်မှုတွေ ရှိပေမယ့် ဆန်ဈေးနှုန်း ကြီးမြင့်လာမယ့်အရေး စိုးရိမ်စရာမရှိတဲ့အကြောင်း မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းဥက္ကဋ္ဌက ပြောဆိုလိုက်ပါတယ်။

လက်ရှိ ဆန်စပါးအဓိကစိုက်ပျိုးထုတ်လုပ်ရာ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအပါအ၀င် ဒေသတချို့မှာ စပါးစိုက်ခင်းတွေမှာ ရေနစ်မြုပ်မှုတွေနဲ့ တွေ့ကြုံနေရတာပါ။

RICEဒါပေမယ့် ကာလတူ ပြီးခဲ့တဲ့နှစ် အခြေအနေနဲ့ နှိုင်းယှဉ်ရင် ရေနစ်မြုပ်တဲ့ပမာဏက နည်းတဲ့အပြင် ဆန်လက်ကျန်ပမာဏကလည်း မနှစ်ကထက် ပိုများလို့ ဆန်ဈေးတက်ဖို့ မရှိနိုင်ဘူးလို့ မြန်မာနိုင်ငံဆန်ကုန်သည်များအသင်းဥက္ကဋ္ဌ ဦးအောင်သန်းဦးက ဒီဗွီဘီကို ပြောပါတယ်။

“အဓိက ကျနော်တို့က ထူးခြားတာက ဧရာဝတီတိုင်းက ယခင်နှစ်လို မမြုပ်ဘူးဗျ။ အခု မြုပ်တာက ထူးထူးခြားခြား ပဲခူးအနောက်ခြမ်း မနှစ်ကထက် ပိုမြုပ်တယ်။ ကျန်တဲ့နှစ်တွေက ပဲခူး အနောက်ခြမ်းက မမြုပ်ဘူးဗျ။ ဒီနှစ် နည်းနည်းလေး ပိုမြုပ်တယ်။ ဧရာဝတီတိုင်းက ပျမ်းမျှကြည့်ရင် မနှစ်ကထက် နည်းပါတယ်။ အခုကတော့ ဆန်လက်ကျန်တွေ အများကြီးရှိတယ်ဗျ။ မနှစ်ကထက် ပိုများတယ်။ စိုးရိမ်စရာ မရှိပါဘူး။”

ရေကြီးမှုကြောင့် ဆန်စပါးစိုက်ခင်းတွေ ဘယ်လောက် ပျက်စီးသွားတယ်ဆိုတာတော့ မသိရသေးပါဘူး။

လတ်တလော ရန်ကုန်ဈေးကွက်ကို နေ့စဉ် ဆန်စီးဆင်းမှုက ၁ ရက်ကို ဆန်အိတ်ရေ ၄ သောင်းခွဲခန့် ပုံမှန် ၀င်ရောက်မှု ရှိနေတဲ့အပြင် တရုတ်ဘက်က ဆန်အ၀ယ် နည်းသွားလို့ ပြည်တွင်းဈေးကွက်မှာ ဧည့်မထ ၂၅ မတ် ဆန်အကြမ်း ဈေးနှုန်းက ၁ အိတ်ကို ကျပ် ၅၀၀ နီးပါး ကျဆင်းမှု ရှိနေပါတယ်။

ဘုရင့်နောင်ကုန်စည်ဒိုင်က တော်ဝင်ဖူးဆန်ပွဲရုံပိုင်ရှင်ကတော့ ပြည်တွင်းဈေးကွက်မှာ ဆန်ကြမ်းဈေးနှုန်းတွေက ၀ယ်လိုအားနည်းလို့ ကျဆင်းမှု ရှိနေပေမယ့် ဆန်ချောဈေးနှုန်းကတော့ ဈေးငြိမ်နေတယ်လို့ ပြောပါတယ်။

“အခုဈေးက ၀ယ်လိုအားနည်းလို့ ဈေးကျတယ်။ အဓိကတော့ တရုတ်မှာက ပြဿ နာ တတ်နေတယ်ဆိုတဲ့ဟာနဲ့ အဲဒီဘက်ကို အထွက်နည်းတော့ အ၀ယ်ရပ်တော့ အကြမ်းဈေးက ပြန်ကျနေတယ်။ တအိတ်ကို ၅၀၀ လောက်ကျတယ်။ အရင်တုန်းက ၁၈၅၀၀ ရောင်းတာကို အခု ၁၈၀၀၀ နဲ့ ရောင်းတယ်။”

လက်ရှိ မြန်မာဆန် ပြည်ပတင်ပို့မှု အခြေအနေနဲ့ ပတ်သက်လို့လည်း မြန်မာနိုင်ငံ ဆန်ကုန်သည်များ အသင်း ဥက္ကဋ္ဌက ဦးအောင်သန်းဦးက အခုလို ပြောပါတယ်။

“ပင်လယ်ရေကြောင်းက နည်းတာပါ။ ပင်လယ်ရေကြောင်းက ထွက်တဲ့ ဈေးကွက်က တရုတ်ပြည် ဈေးကွက်ကို မလိုက်နိုင်ဘူး။ ပင်လယ်ရေကြောင်းမှာ ၁ တန်ကို ၃၆၀၊ ၃၇၀ ရရင် တရုတ်နယ်စပ်က ၃၈၀ လောက်ပေါ့။ သယ်ယူစရိတ်ထုတ်ပြီးရင် ၂၀ လောက်က ပိုရတယ်။ ပင်လယ်ရေကြောင်းကထွက်တာ တွက်ချေမကိုက်လို့ လျော့သွားတယ်။ အခုဈေးနှုန်းက ယခင်နှစ်ထက်တော့ ၁ တန်ကို ၁၀၊ ၂၀ လောက် တက်တယ်ဗျ။”

ပြည်ပကို ဆန်တင်ပို့ထားရှိမှု လက်ရှိမှာ ပမာဏ တန်ချိန် ၅ သိန်းကျော် တင်ပို့ထားနိုင်ပြီး ဖြစ်လို့ ကာလတူ ပြီးခဲ့တဲ့နှစ်ပမာဏနဲ့ ယှဉ်ရင် တန်ချိန် ၁ သိန်းနီးပါး ပိုမိုတင်ပို့ထားနိုင်တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013