DVB Logo
Home
မြန်မာသတင်း
စက်သုံးဆီဈေးနှုန်း ပြန်မြင့်တက်
DVB
·
October 10, 2023
စက်သုံးဆီဈေးနှုန်း ပြန်မြင့်တက်
Donate to DVB

စင်ကာပူရဲ့ အခြေခံ ရေနံထွက်ကုန်ဈေးနှုန်း  MOPS ဈေး ပြန်လည်မြင့်တက်လာတာနဲ့အတူ မြန်မာပြည်တွင်း စက်သုံးဆီဈေးတွေလည်း လိုက်ပါမြင့်တက်လာပါတယ်။

အောက်တိုဘာ ၁၀ ရက် ဒီနေ့ ရန်ကုန်ဈေးကွက်အတွက် စက်သုံးဆီ လက်ကားရည်ညွှန်းဈေးအရ အောက်တိန်း ၉၂ တလီတာကို ကျပ်  ၂,၀၁၅ ၊ ၉၅ တလီတာကို  ကျပ် ၂,၁၁၅ ၊ ဒီဇယ်တလီတာကို ကျပ် ၂,၃၁၀ ၊ ပရီမီယံဒီဇယ် တလီတာကို ကျပ်  ၂,၃၅၀ ဖြစ်ပြီး ဓာတ်ဆီတလီတာကို ၇၀ ကျပ်၊ ဒီဇယ်တလီတာကို ၈၅ ကျပ် ၂၄ နာရီအတွင်း ပြန်မြင့်တက်လာတာပါ။

အောက်တိုဘာ ၉ ရက်က အောက်တိန်း ၉၂ တလီတာကို ကျပ်  ၁,၉၄၅ ၊ ၉၅ တလီတာကို ကျပ် ၂,၀၄၅ ၊ ရိုးရိုးဒီဇယ် တလီတာကို ကျပ်  ၂,၂၂၅ ၊ ပရီမီယံဒီဇယ် တလီတာကို ကျပ်  ၂,၂၆၅ သာ ရှိရာကနေ အခုအခါ အောက်တိန်း ၉၂ စက်သုံးဆီ တလီတာကို ကျပ် ၂,၀၀၀ အထက် ပြန်ရောက်လာပြီး ဒီဇယ်ဈေးတွေလည်း လိုက်ပါမြင့်တက်လာပါတယ်။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်း မြင့်တက်မှုကြောင့် စက်သုံးဆီဈေးတွေ ပြန်လည်မြင့်တက်လာတာ ဖြစ်တယ်လို့ အဲဒီလုပ်ငန်းအသိုင်းအဝိုင်းကနေ သိရပါတယ်။

အသေးစားစက်သုံးဆီအရောင်းဆိုင် လုပ်ငန်းရှင်တဦးက “စင်ကာပူ MOPS ဈေးပြန်တက်လာလို့ ပြည်တွင်းဈေးလည်း ပြန်တက်လာတာပါ။ ၉၂ က တလီတာ ကျပ် ၂,၀၀၀ အောက်ထိ ဆင်းသွားပြီး အခုပြန်တက်လာတယ်” လို့ ပြောပါတယ်။

စင်ကာပူနိုင်ငံရဲ့ MOPS ဈေးနှုန်းက အောက်တိုဘာ ၈ ရက်မှာ 92 Ron တစည်ကို ၈၈ ဒသမ ၉၃ ဒေါ်လာ၊ 95 Ron က ၉၄ ဒသမ ၀၄ ဒေါ်လာ၊ 10 PPM တစည်ကို ၁၁၀ ဒသမ ၉၀ ဒေါ်လာ အသီးသီးရှိခဲ့ပြီး အောက်တိုဘာ ၉ ရက်နေ့မှာတော့ 92 Ron က တစည်ကို ၉၂ ဒသမ ၇၈ ဒေါ်လာ၊ 95 Ron က ၉၇ ဒသမ ၈၉ ဒေါ်လာ၊ 10 PPM က ၁၁၅ ဒသမ ၇၅ ဒေါ်လာထိ မြင့်တက် ရောက်ရှိလာပါတယ်။

စက်သုံးဆီ တင်သွင်းသိုလှောင် ဖြန့်ဖြူးခြင်းလုပ်ငန်း ကြီးကြပ်ရေးကော်မတီ အနေနဲ့ ရည်ညွှန်းစျေးနှုန်း‌တွေကို သတ်မှတ်ရာမှာ စက်သုံးဆီရည်ညွှန်းဈေးတွေကို စင်ကာပူနိုင်ငံရဲ့ နေ့စဉ် MOPS Price အပေါ် သယ်ယူစရိတ်၊ ပရီမီယံအာမခံကြေး၊ အခွန်အခတွေ၊ လုပ်ငန်းဆောင်ရွက်မှု ကုန်ကျစရိတ်နဲ့ အမြတ်ရာခိုင်နှုန်းတို့ကို ထည့်သွင်းတွက်ချက်ပြီး ရန်ကုန်မြို့အရောက် ရည်ညွှန်းလက်ကားစျေးကို သတ်မှတ်ပေးတာ ဖြစ်ပါတယ်။

နေပြည်တော်၊ မန္တလေးနဲ့ တခြား တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် မြို့ကြီးတွေအတွက် စက်သုံးဆီဈေး သတ်မှတ်နှုန်းထားတွေကိုတော့ အဆိုပါ ရန်ကုန်ရည်ညွှန်းလက်ကားဈေး အပေါ် ပျမ်းမျှသယ်ယူပို့ဆောင်စရိတ်‌ ထပ်ပေါင်းတွက်ချက်ပြီး ထုတ်ပြန်ပေးနေတာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013