DVB Logo
Home
နိုင်ငံတကာ
အာဖဂန်ငလျင် သေဆုံးသူ ၄,၀၀၀ ‌ကျော်၊ အိမ်ခြေ ၂,၀၀၀ ခန့်ပျက်စီး
DVB
·
October 10, 2023
အာဖဂန်ငလျင် သေဆုံးသူ ၄,၀၀၀ ‌ကျော်၊ အိမ်ခြေ ၂,၀၀၀ ခန့်ပျက်စီး
Donate to DVB

အာဖဂန်နစ္စတန် အနောက်ပိုင်းမှာ စနေနေ့က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် လူပေါင်း ၄,၀၀၀ ကျော် သေဆုံး သို့မဟုတ် ဒဏ်ရာရခဲ့ကြောင်း တာဝန်ရှိသူတွေက အောက်တိုဘာ ၉ ရက်မှာ ပြောပါတယ်။

ပြင်းအား ၆ ဒသမ ၂ ရှိတဲ့ ငလျင် ၂ ကြိမ် လှုပ်ခတ်မှုကြောင့် အိမ်ခြေ ၂,၀၀၀ လောက် ပျက်စီးခဲ့ကြောင်း အာဖဂန်နစ္စတန် အမျိုးသားသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေး အာဏာပိုင်အဖွဲ့ (ANDMA) က ပြောပါတယ်။

အခုချိန်ထိ စာရင်းတွေအရ အသေအပျောက် အရေအတွက်က ၄,၀၀၀ ကျော်ဖြစ်နေပြီး ရရှိထားတဲ့ အချက်အလက်တွေအရ ရွာပေါင်း ၂၀ လောက်မှာ အိမ်ခြေ ၁,၉၈၀ ကနေ ၂,၀၀၀ လောက်က လုံးဝကို ပြိုကျပျက်စီးသွားခဲ့တယ်လို့ ANDMA ရဲ့ ပြောရေးဆိုခွင့်ရှိသူ မူလာ ဆေအိခ်က ကဘူးလ်မှာပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ငလျင်ဟာ စနေနေ့မွန်းလွဲပိုင်း ဒေသစံတော်ချိန် ၁၁ နာရီ ၁၀ မိနစ်လောက်မှာ ဟေရတ်ပြည်နယ်နဲ့ အနီးနားဒေသတွေမှာ လှုပ်ခတ်ခဲ့တာပါ။

ကယ်ဆယ်ရေးအဖွဲ့ ၃၅ ခုက စုစုပေါင်း ကယ်ဆယ်ရေးသမား ၁,၀၀၀ ကျော်ဟာ မုန်တိုင်းဒဏ်သင့်ဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေကြောင်း ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

တနင်္လာနေ့တုန်းက အာဖဂန်နစ္စတန် ယာယီဝန်ကြီးချုပ် မိုဟာမက် ဟာဆန် အာခွန်းဟာ တာဝန်ရှိသူတွေ ပါဝင်တဲ့ အဖွဲ့တဖွဲ့ကို ဦးဆောင်ပြီး ဟီရတ်ပြည်နယ်ရှိ ဘေးဒဏ်သင့်ဒေသကို လာရောက်ခဲ့ပါတယ်။

တရုတ်နိုင်ငံဟာ ကယ်ဆယ်ရေးနဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ဖို့ အရေးပေါ် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီအဖြစ် တနင်္ဂနွေနေ့က အာဖဂန်လခြမ်းနီအဖွဲ့ကို အမေရိကန်ဒေါ်လာ ၂ သိန်း ပေးအပ်ခဲ့ပါတယ်။

Source/Photo-Reuters

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013