
လီဗာပူးအသင်းမှာ ထိပ်တန်းအဆင့် ကွင်းလယ်ကစားသမားမရှိတာကြောင့် ချန်ပီယံဆုရဖို့ ရုန်းကန်ရနိုင်ကြောင်း နောက်ခံလူဟောင်း ကာရေဂါက ပြောပါတယ်။
လီဗာပူးအသင်းဟာ မနေ့ညက ကစားခဲ့တဲ့ ဘရိုက်တန်နဲ့ပွဲစဉ်မှာ နှစ်ဂိုးစီသရေကျခဲ့ပြီး ကွင်းလယ်ပိုင်းက ဖန်တီးနိုင်မှုလျော့ကျခဲ့တာကို ကာရေဂါက ထောက်ပြသွားခဲ့တာပါ။
လီဗာပူးအသင်းမှာ ဖာဘင်ညို၊ ဟန်ဒါဆန် အစရှိတဲ့ ကွင်းလယ် ကစားသမားတွေ ထွက်ခွာသွားပြီးနောက် ကွင်းလယ်ကစားသမားသစ် ၄ ဦးအတွက် ပေါင် ၁၄၆ သန်း အသုံးပြုပြီး ခေါ်ယူခဲ့တာပါ။
လီဗာပူးဂန္ထဝင်နောက်ခံလူ ကာရေဂါကတော့ လီဗာပူးကွင်းလယ်ဟာ မန်စီးတီးနဲ့ အာဆင်နယ်အသင်းတွေကို ယှဉ်နိုင်ဖို့ ခက်ခဲပြီး အမြင့်မားဆုံးဆုဖလားတွေရဖို့အတွက်ဆိုရင် လုံလောက်မှုမရှိကြောင်း ထောက်ပြခဲ့တာပါ။
ဒါပေမဲ့ လာမယ့် အပြောင်းအရွှေ့ နှစ်ခုမှ အင်အားဖြည့်တင်းမယ်ဆိုရင်တော့ လာမယ့် ရာသီမှာ ကောင်းမွန်လာနိုင်တယ်လို့ ကာရေဂါက ပြောသွားပါတယ်။
Photo-Reuters










