DVB Logo
Home
မြန်မာသတင်း
သိမ်းဆည်းခံမြေ ပြန်ရရေး တောင်ကြီးတွင် ဆန္ဒထုတ်ဖော်
DVB
·
August 7, 2014
သိမ်းဆည်းခံမြေ ပြန်ရရေး တောင်ကြီးတွင် ဆန္ဒထုတ်ဖော်
Donate to DVB

psတပ်မတော်၊ ပြည်နယ်အစိုးရအဖွဲ့၊ ပြည်သူ့စစ်အဖွဲ့တွေနဲ့ ကုမ္ပဏီတွေ သိမ်းထားတဲ့ လယ်ယာမြေ ဧက ၆၀၀၀ ကျော် ပြန်ရရေးအတွက် တောင်ကြီးမြို့နယ်၊ အေးသာယာမြို့သစ်မှာ ပအိုဝ်း၊ ဓနုနဲ့ ရှမ်းတောင်သူ ၅၀၀ ကျော် ဆန္ဒပြခဲ့ကြပါတယ်။

ရွှေညောင်၊ ဟဲဟိုး၊ အေးသာယာမြို့သစ်၊ စက်မှုဇုန်၊ စတဲ့ဒေသ တွေက မြေသိမ်းခံ တောင်သူတွေဟာ ပြီးခဲ့တဲ့ ဇူလိုင်လ ၁ ရက်ကလည်း တောင်ကြီး၊ အေးသာယာနဲ့ ရွှေညောင်မြို့တွေမှာ ပထမအကြိမ် ဆန္ဒဖော်ထုတ်ခဲ့ကြပါတယ်။

ဒါ့အပြင် မြေသိမ်းခံတောင်သူတွေဟာ အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး၊ ပြည်နယ်ဝန်ကြီးချုပ်နဲ့ ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌတို့ဆီကို အသိမ်းခံမြေတွေနဲ့ ပတ်သက်ပြီး အိတ်ဖွင့်ပေးစာ ဒီနေ့ ပေးခဲ့ကြပါသေးတယ်။

သိမ်းဆည်းခံမြေတွေ ပြန်လည်ရရှိရေးအတွက် နည်းလမ်းပေါင်းစုံနဲ့ ကြိုးစားသွားမယ်လို့ ဆန္ဒပြအဖွဲ့ ခေါင်းဆောင် ရှမ်းပြည်နယ် တောင်သူလယ်သမားရေးရာကော်မတီအဖွဲ့ဝင် ဦးတင်ရွှေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013